27. Confession

712 24 5
                                    

{Unicode}

Title - ConfessionAuthor - 应橙Chapter - 94 chapters + 3 extra

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Title - Confession
Author - 应橙
Chapter - 94 chapters + 3 extra

Formal description

Translator's opinion

ဘာသာပြန်ဖတ်နေကျသူတွေဆိုရင် ယိယိနဲ့ ဆရာကျိုးကို သိမှာပါ။ ဒါပေမဲ့ မဖတ်ဖူးတဲ့သူတွေကိုလဲ ညွှန်းချင်လို့။ သူက ရိုရိုချိုချိုဝတ္တုပါ။ ဇာတ်အိမ်ခိုင်သလို ဘာသာပြန်တဲ့ ရှောင်ချုန်းကလဲ အရမ်းတော်။

ဒါက English translation မဖတ်ဖူးပဲ ပထမဆုံးဖတ်ဖြစ်တဲ့ ဘာသာပြန်ပါ။ ဒီစာအုပ်ဖတ်ပြီး ဘာတွေ ခံစားရမလဲဆိုရင် ရည်းစားတယောက်လိုချင်သွားပါမယ်။ ဒါက အကျဉ်းချုပ်ပါ။

နည်းနည်းအသေးစိတ်ကျကျပြောရရင် ယိယိက အေးဆေးနေတတ်တဲ့ မိန်းကလေး၊ ရိုးသားတဲ့ ကျောင်းသူလေးပေါ့။ ဆရာကျိုးကတော့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်။ သူတို့နှစ်ယောက်စတွဲဖြစ်ပုံက ယိယိက ဖွင့်ပြောလိုက်လို့။ ယိယိက စခဲ့ပေမဲ့ အဆုံးသတ်လှစေခဲ့တာက ဆရာကျိုး။

She loves first but he fell harder ဆိုတာဒါပါ။

ခွေးစာတနင့်တပိုးပျော်ပျော်ကြီးစားပြီးတဲ့နောက်မှာ ဓါးနည်းနည်းပါပါတယ်။ လူ့ဘဝဆိုတာ အတက်အကျရှိတဲ့အတိုင်းပဲ ဆရာကျိုး အနည်းငယ် အရေးနိမ့်ချိန်မှာ ယိယိက ဘယ်လိုရှိနေပေးခဲ့လဲ။

Spoiler ပါမှာမို့ spoil ကြောက်သူတွေ ရှေ့ဆက် မဖတ်နဲ့နော်။

"ထိုတချိန်တုံးက ကောင်ကလေး၏လက်ပေါ်က နောင်တတို့ဖြင့် ကွယ်ပျောက်သွားခဲ့ရသည့် တက်တူးတခုဟာ သူ့မျက်ဝန်းရှေ့ တဖန်ပြန်ပေါ်လာခဲ့ရပြီ"

သိမ့်သိမ့်လေး ချစ်ခဲ့တဲ့ ယိယိဟာ ဝေးကွာပြီးတဲ့နောက်မှာတောင် ချစ်မြဲချစ်ခဲ့ဆဲပဲ။ ကောင်လေးလက်ပေါ်က နောင်တနဲ့ ကွယ်ပျောက်ခဲ့ရတဲ့ တက်တူးဟာ သူမရဲ့ နံရိုးပေါ် ပြန်လည်ပေါ်ထွက်လာခဲ့ပြီ။

ဖတ်ပြီး ဘာသာပြန်ချင်တဲ့ စာအုပ်တွေWhere stories live. Discover now