Ep[34]Frog

2.6K 281 47
                                    

^^ That pic 😆😆 I found it from Pinterest

Unicode
"ထယ်ယောင်း........ Mr. Jeon ရဲ့ အိမ်က ထွက်ဖို့ဆိုတာ မလွယ်ဘူး.... ကိုယ်တို့က အခြေအနေကို ကြည့်ပြီး လှုပ်ရှားရမှာမို့လို့ ထယ်ယောင်းဘက်က သတိရှိဖို့တော့ လိုတယ်....ပြီးတော့ ဒီမှာ..... "

စကားပြော​​ေနရင်း ​ဖုန်းအသေးလေးကို ထယ်ယောင်းလက်ထဲသို့ ထည့်ပေးလိုက်သော ပတ်ခ်ဘိုဂမ်။

"ဒီဖုန်းထဲမှာ ကိုယ့်ဖုန်းနံပါတ်ပါတယ်....ထယ်ယောင်း တစ်ခုခု ပြောစရာရှိရင် ဆက်သွယ်လိုက်..... သတိထားပါ Mr. Jeon မမြင်စေနဲ့....  "

"ဟို...ခင်ဗျားဘက်ကလည်း ဖုန်းခေါ်တာ နည်းနည်း ဆင်ခြင်ပေးစေချင်တယ်... ဂျောင်ကုက မထင်ရင် မထင်သလို ကျနော့်ကို ခေါ်တတ်တာမို့လို့ "

ထယ်ယောင်းစကားအပြီး ပတ်ခ်ဘိုဂမ်မှာ ခေါင်းငြိမ့်၍ အသိအမှတ်ပြုလိုက်သည်။ ထို့နောက် စိမ်းသွားသော မီးပွိုင့်ကြောင့် ပတ်ခ်ဘိုဂမ်မှာ steering wheel ကို ကိုင်လိုက်ရင်း ခပ်မြန်မြန် စမောင်းလေသည်။ လက်ပတ်နာရီကို ကြည့်မိလိုက်သော် ခြောက်နာရီ ထိုးရန် ဆယ့်ငါးမိနစ်အလို....။

ရုတ်တရက် ဖုန်းလာသော အသံကြောင့် ဘိုဂမ်မှာ ကောက်ကိုင်လိုက်သော် မင်ဟိုဆီမှ ဖြစ်နေသည်။

"ဆရာ!!Mr.Jeon အင်ချွန်းက​ေန seoul ကို ရောက်လာပြီ!!!!!''

ကြားလိုက်ရသော စကားကြောင့် ပတ်ခ်ဘိုဂမ် ခေါင်းတည့်တည့်ကို မိုးကြိုး ပစ်လိုက်သလိုပင်။ သူသေချာတွက်ချက်ထားတာပါ!!အင်ချွန်းဘက် မှာရှိတဲ့ Jeon Gangဘက်က စက်ရုံတွေကို အပြီး စစ်ဖို့ဆိုရင် အနည်းဆုံးတော့ ညခြောက်နာရီလောက်မှ အပြီးသတ်နိုင်မှာ။
ဒါပေမယ့် ခြောက်နာရီမှာ အပြီးမသတ်တဲ့အ​ပြင်
အခု ဆိုးလ်မြို့ထဲကိုပါ ရောက်နေတဲ့ Mr. Jeon။ ဘာလို့များ ထင်ထားတာထက် ပိုစောနေရတာလဲ!!

"ကောင်လေး! ခါးပတ်သေချာပတ်ထား "

ပတ်ခ်ဘိုဂမ်၏ စကားကြောင့် ထယ်ယောင်း မျက်ဝန်းများမှာ ထိတ်လန့်စွာ​ ဝိုင်းခနဲ။
_______________
Jiwoo Noona ကိုမြင်လိုက်ပြီးကတည်းက လုပ်စရာကျန်သေးသော ကိစ္စများကို အကုန်ပစ်ထားခဲ့ပြီး  ယွန်းဂီကို အင်ချွန်းဘက်ရှိ ကျန်သေးသော စက်ရုံများကို ဦးစီး​ပြီး စစ်ဆေးရန် အမိန့်ပေးထားခဲ့သည်။

Bitter Sweet Coffee [Completed] ✔Where stories live. Discover now