အပိုင်း ၁
"မပြေးနဲ့....''
ရှင်မဟာနောက်ပြေးလိုက်ကြသော အဖွဲ့ထံမှလှမ်းအော်လိုက်ခြင်းပင်။သူမပြေးပဲရပ်လိုက်လျှင် သူအဖမ်းခံရပြီး နှိပ်စက်ခံရမည်မှာ အမှန်ဧကန်စင်စစ်ပင် ဒါကြောင့်သူမရပ်မနားပြေးရပေအုံးမည်။
ထိုသူတိူ့အားမျက်ခြေဖြတ်ရန်ကလည်းမလွယ်။ညကြီးမိုးချုပ်ပြေးနေရပေမဲ့လည်း သူ့အတွက်တော့ကျင့်သားရနေပါပြီ။
တစ်နေရာအရောက် လမ်းတစ်ဖက်ကူးချိန်
"ကျွီ.......''
"ဒုန်း''
"အ့..''
ကားနဲ့တိုက်မိလိုက်ပေမဲ့ ထိုသူတွေလက်မှ လွတ်မြောက်ရန်သာအတွေးပဲရှိ၏။
သို့သော် သူလုံးဝထမရတော့ချေ
သူ့အတွေးနယ်ပယ်တစ်ခုလုံးလည်း ဗလာကျင်းသွားရ၏။"BOSS လူတစ်ယောက်ကို တိုက်မိပြီ''
"ထားလိုက် လုပ်ကြံသူမဟုတ်ရင် အကြံအဖန်ဖြစ်မယ် ကားကိုသာဆက်မောင်းပါ''
"ဟာ....Boss သူလုံးဝထမလာဘူး အချိန်တောင်၅မိနစ်လောက်ကြာတော့မယ် ကျွန်တော်လူသတ်မိပြီထင်တယ်''
"စိုင်းမာန်......''
ဒီကောင်လူမသတ်ဖူးတာလည်းမဟုတ်ပဲခုမှလာပြီးကြောက်ပြနေသောကြောင့် သူအော်လိုက်ခြင်းပင်။
"ကျွန်တော်ဆင်းကြည့်လိုက်တော့မယ် Bossသာကားပေါ်ကမဆင်းခဲ့နဲ့''
"အင်း''
သူ့Bossထံမှ တန်ပြန်ဖြေကြားချက်ရပြီးသည်နှင့် ကားပေါ်မှဆင်းလာလိုက်သည်။
သူဆင်းသွားချိန် ကုန်ကားကြီးအကွယ်တစ်နေရာမှ ဒေါသသံဖြင့်ပြောနေကြသော လူတစ်စု၏အသံကိုကြားလိုက်ရသည်။သူနဲ့ဆိုင်သည့်အရာမဟုတ်တော့ ထိုလူစုထံအာရုံမရောက်နိုင် သူတိုက်မိထားသောသူထံသို့သာ အာရုံထားလိုက်သည်။
အသက်ရှူမရှူစစ်ဆေးကြည့်တော့ ထိုသူခန္ဓာကိုယ်မှ အပူချိန်တစ်ခုကိုခံစားမိလိုက်သည်။
အဖျားကြီးပြီး သတိလစ်သွားတယ်ထင်တယ်။
ပွေ့ချီရန်ပြင်လိုက်ချိန်"စိုင်းမာန် ...မင်းအရမ်းကြာနေလို့ငါဆင်းလာတာ ဖယ် ဖယ် သူ့ကိုငါပွေ့ခဲ့မယ် ဆေးရုံကိုသာ ဖုန်းဆက်လိုက်တော့ မင်းလုပ်ပုံကတော့ သေရမဲ့သူဆိုသေပြီးသာကြာပြီ ''
ČTEŠ
မဟာ့ရဲ့တံတိုင်း(ongoing)
Romanceဆုံတွေ့မှုတိုင်းမှာ ကံအေကြာင်းကြောင့်လို့ကျွန်တော်သတ်မှတ်သည်။ 6.4.23 to