Chapter 64

436 80 1
                                    

Chapter 64

ကျယ်ယန်သည် ချိုးရှင်း၏လှုပ်ရှားမှုအတိုင်း မတ်တပ်ရပ်လိုက်သည်။ ချိုးရှင်း၏အပြုအမူကို သူမတုံ့ပြန်ပေ။ သူချိုးရှင်းကို ကြည့်ရုံသာကြည့်နေသည်။ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အံ့သြခြင်း၊ ကြင်နာခြင်းမရှိပေ။ 

ချိုးရှင်းက ကျယ်ယန်၏ မျက်နှာအမူအရာကို သတိပြုမိပြီး တန့်သွားသည်။ ပြီးနောက် လည်စည်းကိုအပေါ်သို့မြှင့်လိုက်ပြီး ကျယ်ယန်၏မျက်နှာကိုဖုံးကာ မေးလိုက်သည်။"မင်း စိတ်ဆိုးနေတာလား?"

ကျယ်ယန်မှာ သူ့ခေါင်းက အာလူးတစ်လုံးလိုထုပ်ပိုးခံထားရသဖြင့် တိတ်တိတ်သာနေသည်။ ချိုးရှင်း၏မျက်နှာမှာ သူမထွက်သွားခင်တုန်းကထက်ပင် ပို၍ဖြူဖျော့နေသည်ကို လည်စည်းကြားမှ မြင်လိုက်ရသည်။ သူ ချိုးရှင်း၏ ထူးဆန်းစွာဖြူဖျော့နေသောနှုတ်ခမ်းကို ကြည့်ကာ ရုတ်တရက် လက်ဆန့်တန်းလိုက်ပြီး ချိုးရှင်းရင်ဘက်ပေါ်သို့ လက်တင်လိုက်သည်။ 

ချိုးရှင်း ခန္ဓာကိုယ်တောင့်တင်းသွားကာ ကျယ်ယန့်လက်ကိုအောက်သို့​ဆွဲချလိုက်ပြီး ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"ဘာလို့ မင်းလက်တွေအရမ်းအေးနေရတာလဲ?" သူကျယ်ယန်၏လက်ကို ပွတ်သပ်ကာ တစ်ခြားတစ်ဖက်က ကျယ်ယန်၏နှဖူးကို စမ်းလိုက်သည်။ ပြီးနောက် သူ့ကိုယ်သူပြန်စမ်းကာ နှိုင်းယှဉ်လိုက်သည်။ "မင်းအရပ်ထပ်ရှည်လာပုံပဲ"

ကျယ်ယန်က စကားမပြောသေးပေမယ့် သူ့လက်ကိုလည်း ပြန်ဆွဲမထုတ်ပေ။ 

"ငါမင်းအတွက် လက်ဆောင်ဝယ်လာခဲ့တယ်။ လာ….အိမ်ထဲဝင်ရအောင်" 

နောက်ဆုံးတွင် ကျယ်ယန်စတင်လှုပ်ရှားလာသည်။ သူ့ကိုအိမ်ထဲဆွဲခေါ်နေသောချိုးရှင်းအား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ကိုမြှောက်ကာ ချိုးရှင်း၏ရင်ဘက်ပေါ် ထပ်တင်လိုက်သည်။ ချိုးရှင်း၏ရင်ဘက်ကို ပေါ့ပေါ့ပါးပါးပုတ်ကာ ပြောလိုက်သည်။ "ခင်ဗျား ပွင့်ပွင့်လင်းလင်းဝန်ခံရင် ကျွန်တော်သက်ညှာပေးမယ်။ ငြင်းဖို့ကြိုးစားရင် ပုံစံပေးမယ်။ ညာပြောလို့ကတော့ ကွာရှင်းပစ်မယ်။"

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now