<3

3.4K 207 43
                                    

Unicode

"ဂယူဘင်းဟျောင်း ဟန်ယူဂျင်းရန်ဖြစ်လို့တဲ့"

"ဟင် ခဏ ဟျောင်းလိုက်ခဲ့မယ်"

ဂယူဘင်းတို့က အပြောထက် အလုပ်ကမြန်သည် လာပြောတဲ့ ကောင်လေးကိုတောင်မစောင့် အလယ်တန်းကျောင်းသားတွေရှိရာ အတန်းဘက်ကိုပြေးသွားသည်မှာ လေအလျင်နှင့်။

"မင်း"

ရန်ဖြစ်တဲ့ နေရာကို သူရောက်သွားတော့ ဟန်ယူဂျင်းနားမှာစုနေတဲ့ကောင်လေးတွေကလမ်းဖယ်ပေးကြသည်။ ဂယူဘင်း ဆူမလို့ပြင်ပြီးခါမှ သူ့ကိုမျက်နှာငယ်လေးနဲ့ လှည့်ကြည့်လာတဲ့ ကောင်လေးကိုမြင်ပြီး လေထဲတင် စကားကတိုးလို့တန်းလန်းဖြစ်သွားရသည်။

အားနဲ့မာန်နဲ့ "ဟန်ယူဂျင်း မင်းဒီလိုရန်ပဲဖြစ်နေတော့မှာလား"ဆိုပြီး အော်လိုက်ချင်ပေမယ့် ယူဂျင်းမျက်နှာလေးကိုမြင်ပြီး ဒီစကားလုံးတွေအကုန်လုံးက လည်ချောင်းဝမှာတင်ပျောက်ကွယ်သွားရသည်။

သူတောင် မထိရက်မကိုင်ရက် ကလေးအသားကနုနုလေးမို့ အသည်းယားရင်တောင် လက်ညှိုးလေးနဲ့ပဲထိတာကို ဘယ်ခွေးသားက ဒီလိုမျိုး ဖူးယောင်ပေါက်ပြဲနေအောင်ထိုးရတာလဲ။ ကင်မ်ဂယူဘင်းကို ဒါမျိုး လာလုပ်လို့မရ။ လာလုပ်ရင်တောင် သူ့ကိုလုပ်တာကိုပဲ ငြိမ်ခံမည်။ ဟန်ယူဂျင်းကိုတော့ လက်နဲ့ရွယ်ရင်တောင် သူက ရွယ်တဲ့သူကို စိတ်ထဲမှာ အချက်တစ်ရာလောက်ထိုးပြီးနေပြီ။

"ဟျောင်း"

သူတွေးနေတုန်း ယူဂျင်းက သူ့ကို အသံတိုးတိုးလေးနဲ့ခေါ်လာသည်။ တစ်ဖက်ကကောင်က ဘယ်လိုတောင် ကလေးကိုဖြဲခြောက်ထားလို့ ကလေးကအသံတောင်မထွက်ရတာလဲ တွေ့မယ် သူနဲ့။

"အင်း ယူဂျင်းလာ ဘယ်သူလုပ်တာလဲ ဟျောင်းကိုပြော"

သူပြောလိုက်တော့ သူ့ဆီကို ခပ်သွက်သွက်လေးလှမ်းလာကာ အားကိုးတွေ့သွားသလို လက်တစ်ဖက်ကို လာချိတ်သည်။ ဒီနားကကောင်တွေလည်း တစ်ကောင်မှမအားကိုးရဘူးလားမသိ။ ယူဂျင်း အနိုင်ကျင့်ခံရတာကိုဒီတိုင်းပဲကြည့်နေကြတာလား။

"အဲ့ကောင် ဟန်ဆောင်းမင်း လုပ်တာ ဟျောင်း ဒီမှာ ယူဂျင်းပါးကိုနှစ်ချက်ထိုးထားတာ ပြီးတော့လေ သူတွန်းလိုက်လို့ နောက်လန်ကျသွားတာ ဒီမှာ လက်မှာရော တံတောင်ဆစ်မှာရော ပွန်းသွားသေးတယ်"

Gyuvin Hyung Will Fight For MeWhere stories live. Discover now