<3 final

2K 161 29
                                    

Unicode

ဒီနေ့ ယူဂျင်းတို့ အလယ်တန်းဒုတိယနှစ်တွေ စာမေးပွဲဖြေပြီးသွားပြီဖြစ်သည်။ ကိုကိုကတော့မနက်ဖြန်မှ​ပြီးမှာဖြစ်သည်။ နောက်နှစ်ဆို ကိုကိုက အထက်တန်းနောက်ဆုံးနှစ်ရောက်ပြီဖြစ်သလို ယူဂျင်းကလည်း အလယ်တန်းနောက်ဆုံးနှစ်ကိုဆက်တက်ရမှာဖြစ်သည်။

မနက်ဖြန် ကိုကို စာမေးပွဲပြီးသွားရင် ယူဂျင်း ကိုကို့ကိုဖွင့်ပြောဖို့စဉ်းစားထားသည်။ ဘယ်ဇုန်ရောက်ရောက်အရေးမကြီးဘူးဆိုပေမယ့် ပလီပလာတီတီတာတာလေးတွေပြောပြီး ဖက်လို့နမ်းလို့ရတဲ့ဇုန်ကိုရောက်ရင် ပိုကောင်းသည်မဟုတ်ပါလား။ ခုက ဖက်လို့တော့ရတယ်ဆိုပေမယ့် နမ်းလို့တော့မရဘူးလေ။ ယူဂျင်းက ကိုကို့ကိုနမ်းစေချင်တာကို။

ဒါပေမယ့် ကိုကိုက သူ့ကို တကယ်ညီလေးအရင်းလိုပဲ ချစ်တာလားမသိ။ ငြင်းလည်း ယူဂျင်းက မျက်နှာပြောင်တိုက်ပြီး ဆက်လိုက်ဦးမှာဆိုပေမယ့် ကိုကိုစိတ်ရှုပ်သွားရင် ဘယ်လိုလုပ်မလဲ။ ယူဂျင်းကလိုက်နှောင့်ယှက်လို့စိတ်နာပြီး မိန်းမယူသွားရင် ဘယ်လိုလုပ်မလဲနော်။

ဒါပေမယ့် ဖွင့်ပြောမှတော့ဖြစ်မည် လူ့စိတ်ဆိုတာက ပြောရခက်သား ကိုကိုကလည်းသူ့ကိုကြိတ်ချစ်မနေဘူးလို့ ပြောလို့ရတာမှမဟုတ်တာ။ ကိုကို့အပြုအမူတွေက ညီလေးအရင်းလိုဂရုစိုက်တာထက်ကို လွန်ကဲနေတာ အသိအသာကြီး။ သူ့ကိုယ်သူညာရုံမက ယူဂျင်းကိုပါ လာလိမ်ချင်နေသေးတာ။ မသိဘူး ဖြစ်ချင်တာတွေး ကိုကို့ကလေးလေးပဲ။

💌ကိုကို မနက်ဖြန် စာမေးပွဲပြီးရင် လမ်းထိပ်က အအေးဆိုင်ကိုလာခဲ့ ယူဂျင်းပြောစရာရှိလို့💌

ယူဂျင်း ကိုကို့ကို စာပို့ပြီး အိပ်ဖို့ပြင်လိုက်သည်။
မနက်ဖြန်အတွက်အားမွေးထားရမည်။ အမှန်ဆို ယူဂျင်းက အလယ်တန်းပြီးမှ ကိိုကို့ကိုဖွင့်ပြောမလို့ပါပဲ။ ဒါပေမယ့် ကိုကိုက နောက်တစ်နှစ်ပြီးရင် တက္ကသိုလ်တက်ရတော့မှာလေ အဲ့ခါကျ ယူဂျင်းနဲ့အမြဲတမ်းတွေ့ရတော့မှာ မဟုတ်ဘူး။

ယူဂျင်းက ကိုကိုနဲ့ရည်းစားလုပ်ဖို့ ငယ်သေးတယ်ဆိုတာသိပေမယ့်လည်း မစောင့်နိုင်တော့ဘူး။ တစ်နှစ်ပဲကိုကိုနဲ့ အတူရှိရမှာမို့ ဖွင့်ပြောမှကိုဖြစ်မှာဖြစ်သည်။ ကိုကိုငြင်းရင်တော့ စိတ်ဆိုးမှာ ယူဂျင်းသိသည် ကိုကိုက သူ့ကို ယူဂျင်းစိတ်ဆိုးမှာ အရမ်းကြောက်သည်ဆိုတာ။

Gyuvin Hyung Will Fight For MeWhere stories live. Discover now