I think I'm in love again with Jeon Jungkook

32 7 0
                                    

I think I'm in love again ❤️

ရိုးရှင်းစွာပြောရရင် ထပ်ချစ်မိသွားပြီထင်တယ်
ကိုယ်နဲ့မတူညီတဲ့ကောင်လေးတစ်ယောက်ကိုပေါ့ ။

အချစ်ကဆန်းကြယ်တယ်
လူချင်းမတွေ့ဖူး မဟုတ်ဘူး ကိုယ့်ဖြစ်တည်မှုတောင်မသိတဲ့သူကိုချစ်မိသွားတယ် ။ ဖန်သားပြင်လေးကနေကြည့်ရင်း ချစ်မိခဲ့တယ် ။

Jeon Jungkook ဆိုတဲ့အမျိုးသား ။
သိပ်ကိုချောမောခန့်ညားပြီး လူတိုင်းနီးပါးလိုချင်ကြတဲ့သူပေါ့။

ချစ်မိသွားပြီ ထိုအမျိုးသားကို ။
မြတ်နိုးတယ် ထိုအမျိုးသား ဘာလုပ်လုပ် ။

စကားပြောပုံလေးကအစ လှုပ်ရှားမှုလေး ၊ရယ်သံလေးတွေ မျက်တောင်လေးခတ်တာကအစ ကိုယ်စွဲလမ်းမိသွားပြီ ။

ကိုယ်ချစ်မိသွားပြီ ။

ကိုယ်ဘယ်လိုလုပ်ရမလဲ အမျိုးသားလေးရယ် ။
ကိုယ်မင်းကို သိပ်ပိုင်ဆိုင်ချင်တာပဲ ဒါပေမယ့်မဖြစ်နိုင်ဘူးလေ ။ ကိုယ့်ဘက်က မင်းကိုချစ်တယ်ဆိုတာလေးနဲ့အဆုံးသတ်သွားတော့မှာလား ။ ဒါဆိုရင် ဒီဇာတ်လမ်းလေးက သိပ်ဝမ်းနည်းဖို့ကောင်းမှာနော် ။

ကိုယ်က ဇာတ်ပို့တစ်ယောက်အနေနဲ့လား ။ ကိုယ်ဗီလိန်သာဖြစ်လိုက်ချင်ပါတယ် ။ အနည်းဆုံးတော့ မင်းကိုယ့်ကိုသိသွားတယ်မလား ။ အနည်းဆုံးတော့ ကိုယ်ချစ်တာကို ပြောလို့ရတယ်မလား ။ ဟူး ကိုယ့်ဘဝကလဲကွယ် ကိုယ်မင်းကို သိပ်ချစ်ကြောင်းတောင် ပြောခွင့်မရပါဘူး ။

ဘယ်လိုလုပ်မလဲ အချစ်ရယ် ။ ကိုယ်ဘယ်လိုမျိုးကြိုးစားရမှာလဲ ။ ကိုယ် မင်းကို ဒီတိုင်းလေး ....ဒီတိုင်းလေးကြည့်ရင်း ချစ်မိသွားခဲ့တာပါ။ ဒါပေမယ့် ပူလောင်လိုက်လေခြင်းကွယ် ဘာလို့ဆို မင်းနဲ့မဆုံနိုင်မှာ ။ မင်းကိုချစ်ကြောင်းမပြောရမှာ ဒါတွေကို ကြောက်ပြီး စိုးရိမ်နေလို့ပေါ့ ။

ဒီအချစ်နွံ့ထဲမှာ ကိုယ်မင်းကြောင့် နောက်တစ်‌ကြိမ်ကျရှုံးပြန်ပြီ အချစ်ရေ ....။

(AN- Live ကြည့်နေရင်း Jeon Jungkook ကို အရမ်းပိုင်ဆိုင်ချင်လာတယ် )

14.3.2023
Tuesday 💓
Jeon Jungkook live - Part 1/2/3

Zawgyi

I think I'm in love again ❤️


အချစ်ကဆန်းကြယ်တယ်




ကိုယ်ချစ်မိသွားပြီ ။






14.3.2023
Tuesday 💓

You've reached the end of published parts.

⏰ Last updated: Mar 14, 2023 ⏰

Add this story to your Library to get notified about new parts!

"မြတ်နိုးရသောကောင်လေးတွေအတွက်သာ ''Where stories live. Discover now