It all started with 'Marry me!'

1.7K 138 31
                                    

"ကျွန်တော် အစ်ကို့လိုအရပ်ရှည်ချင်လို့ အစ်ကို ကျွန်တော်နဲ့လက်ထပ်လိုက်ပါလားဟင်"

ဘုရားစူး...ဒီစကားဟာ ရှက်စရာစကားဖြစ်ကြောင်း ဘာကိုမှမသိနားမလည်သေးတဲ့ 8 နှစ်အရွယ်ကလေးပိစိပေါက်စဘဝတုန်းက သူဟာမသိခဲ့။

ခုအဲ့လိုပြောခဲ့တဲ့သူကို ပြန်လည်တွေ့ရချိန် ရှက်စိတ်ကြောင့် မျက်နှာတွေပူ‌ထူနေမယ်ဆိုတာကို ပိုလို့တောင် မသိခဲ့ပါ။

မျက်စိရှေ့ကလူသားအား မကြည့်ရဲကြည့်ရဲနဲ့ တစ်ချက်တစ်ချက်ကြည့်မိရင်း ဂျယ်ယွန်းပိုလို့ပင်တိုးရှက်ကာ အငွေ့ပျံချင်သွားသည်။

ဘာလို့အဲ့တုန်းက အဲ့လိုပြောခဲ့မိပါလိမ့်

တကယ်တော့ အဲ့ဒါကိုဟိုဂျပန်‌ကောင်အသေးလေးကြောင့်။ ကိုယ့်အရပ်ကိုယ်စိတ်ဓာတ်ကျနေတဲ့သူ့ကို ဂျပန်ကောင်အသေးလေးက ဂျင်းထည့်သွားခဲ့တာ။ အရပ်ရှည်တဲ့သူနဲ့လက်ထပ်လိုက်ရင် အရပ်ရှည်တာတွေကူးတယ်တဲ့လေ။ လက်ထပ်တယ်ဆိုတာကို ဂဃနဏသေချာမသိတဲ့ ဂျယ်ယွန်းကတော့ အဲ့ဒါကို လက်ချင်းထပ်ပြီး ကာတွန်းကားတွေထဲကလို စွမ်းအားပြောင်းပေးသလိုမျိုး အရပ်ရှည်တာတွေကိုပြောင်းပေးတာထင်ခဲ့တာ။ အဲ့လိုနဲ့စလွဲတာဘဲ။

အဲ့နေ့က အိမ်ပြန်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်အမေ့သူငယ်ချင်းနဲ့သူ့သားဆိုသူကအိမ်ရောက်နေခဲ့တာ။

"ဟော...ပြန်လာပါပြီ သားငယ်လေးဒီကိုလာပါဦး"

သူ့မျက်စိရှေ့မှာတော့ ချောချောလှလှအဒေါ်ကြီးတစ်ဦးနဲ့ သူ့ထက်ခေါင်းတစ်လုံးစာမျှအရပ်ပိုမြင်တဲ့ မျက်မှန်လေးနဲ့ကောင်လေးတစ်ယောက်။ ပထမဆုံးအကြိမ် သူအားကျမိသွားတာတော့ ထိုကောင်လေးရဲ့အရပ်။ သူငယ်ချင်းတွေကြားထဲဆို အနည်းငယ်အရပ်ပုသည့်ဂျယ်ယွန်းက အရပ်ရှည်တဲ့သူကိုမြင်ရင် အားကျပြီး သူပါအရပ်လိုက်ရှည်ချင်မိတာ။

"သားငယ်လေး ဒါမေမေ့သူငယ်ချင်း အန်တီအယ်လီတဲ့...ဒါကအန်တီအယ်လီ့သား သားငယ်နဲ့ဆို အစ်ကိုတော်တယ် အစ်ကိုဟီဆွန်းတဲ့"

"ကျွန်တော် အစ်ကို့လိုအရပ်ရှည်ချင်လို့ အစ်ကို ကျွန်တော်နဲ့လက်ထပ်လိုက်ပါလားဟင်"

Toi Et Moi // HeeJakeWhere stories live. Discover now