Juicy juicy, jelly jelly

372 52 34
                                    

"ဂျယ်ယွန်း စောင့်နေရတာကြာသွားလား"

"မကြာဘူး အစ်ကိုဟီဆွန်း"

အစ်ကိုဟီဆွန်းကတော့ သူ့ကို ခပ်ပါးပါးလေးပြုံးပြလာသည်။ ဂျယ်ယွန်းလည်း ပြန်လည်ပြုံးပြပြီးနောက် ကားထဲဝင်ထိုင်လိုက်ပြီး ကားလေးဟာတော့စတင်ထွက်ခွါလာ၏။

စာမေးပွဲဖြေအပြီးတွင် ကျောင်းတော့မပိတ်ပေမယ့် ကြားမှာ စနေ တနင်္ဂနွေခံနေပါ၍ ကောင်းကောင်းတော့ အနားယူလို့ရသည်။ ပိတ်ရက်မှာခေါ်သွားစရာနေရာရှိတယ်လို့ဆိုလာတဲ့ အစ်ကိုဟီဆွန်းကြောင့် စနေနေ့မှာ ဂျယ်ယွန်းအပြည့်အဝနားခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ အစ်ကိုဟီဆွန်းနဲ့အတူအပြင်ထွက်ဖြစ်ကြသည်။

"နေ့လည်စာစားပြီးပြီလား ဂျယ်ယွန်း"

"စားပြီးပြီ အစ်ကိုဟီဆွန်းရော"

"စားပြီးပါပြီ"

ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်ကိုတော့ ဟီဆွန်းဟာ မျက်ကွယ်ပြုထားပါ၏။ အတန်းချိန်အပြီး နေ့လည်စာတောင်မစားဘဲ အမြန်ထွက်လာမိခဲ့တဲ့သူက ဒီမျက်နှာလေးကိုအမြန်ပဲ တွေ့ချင်နေသည်မို့။

"ဘယ်ကိုသွားကြမှာလဲဟင်"

"ဂျယ်ယွန်း စာမေးပွဲဖြေထားရတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် စိတ်လွတ်ကိုယ်လွတ်ဖြစ်မယ့်နေရာကိုပါ"

အစ်ကိုဟီဆွန်းအပြောကြောင့် ဂျယ်ယွန်းမှာတော့ စတင်၍ စိတ်လှုပ်ရှားလာရတော့သည်။ လမ်းတစ်လျှောက် လိုက်ပါလာရင်း စိတ်လှုပ်ရှားခြင်းတွေ ဂျယ်ယွန်းထံ တံတားခင်းလာသည််မှာတော့ အတုန်းအရုန်း။

ဤသို့နှင့် နှစ်ယောက်သား စကားတပြောပြောနှင့် ကားလေးခရီးဆက်လာပြီးနောက် ရောက်လာသည်မှာတော့ ကော်ဖီဆိုင်နဲ့အတူတွဲဖွင့်ထားတဲ့ VR game ဆိုင်ကိုပင်။

"ဂျယ်ယွန်း VR game ဆော့ဖူးလား"

ဂျယ်ယွန်းခေါင်းခါပြလိုက်မိသည်။

"မဆော့ဖူးဘူးရယ် သူများဆော့တာတွေ အင်တာနက်မှာတော့မြင်ဖူးပေမယ့်"

ထိုအခါ အစ်ကိုဟီဆွန်းက ခေါင်းတဆက်ဆက်ငြိမ့်လာရင်း

"ပျော်ဖို့အရမ်းကောင်းတယ် ဂျယ်ယွန်း ဆော့ကြည့်ကြည့် .. ဂျယ်ယွန်းတို့ဆယ်ကျော်သက်တွေ သဘောကျကြမှာ သေချာတယ်"

Toi Et Moi // HeeJakeHikayelerin yaşadığı yer. Şimdi keşfedin