5

8.4K 322 10
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 5 )
〰〰〰〰〰

"ဒီနေ့က The Wonderရဲ့ CEOအသစ်ကိုကြေညာမယ့်နေ့လည်းဖြစ်သလို CEOရဲ့ပထမဆုံးအစည်းအဝေးလည်းဖြစ်ပါတယ်"

စကားကိုလက်စသပ်ကာ မေမေက သူ့ကိုငဲ့ကြည့်လိုက်သဖြင့် သူက အစည်းအဝေးစားပွဲရဲ့ထိပ်ဆုံးမှ ထရပ်လိုက်သည်။
ကုမ္ပဏီရဲ့အထက်အရာရှိတွေအားလုံးရဲ့အကြည့်က သူ့ဆီမှာစူးနင့်သွားကြသည်။

"ကျွန်တော်က မင်းခမ်းနားပါ ဒေါ်သီရိခေတ်ရဲ့သားတစ်ယောက်အနေနဲ့ရော The Wonderရဲ့ CEOအနေနဲ့ရော ဒီကုမ္ပဏီကိုဆက်ပြီးတာဝန်ယူသွားမှာပါ အားလုံးကို ကျွန်တော်နဲ့တစ်သားတည်းဖြစ်စေချင်ပါတယ်"

အားလုံးက ခေါင်းညိတ်လိုက်ကြပြီး လက်ခုပ်သံတွေထွက်လာပေမယ့် သူ ခပ်တည်တည်ဖြင့် ပြန်ထိုင်လိုက်သည်။
မြူက သူ့အနောက်နားမှာရှိနေပြီး မနေ့ညက သူကြည့်ထားသည့်projectအတွက် စာရွက်စာတမ်းတွေ လှမ်းပေး၏။

ငယ်ငယ်ကတည်းက သိထားပြီးသားအလုပ်တွေဖြစ်ပေမယ့် အခုမှထဲထဲဝင်ဝင်သိရတာမို့ သူ နားမလည်တာတွေလည်းရှိသေးသည်။
မြူကတော့ မေမေ့နောက်မှာ လိုက်နေတာကြာပြီမို့ စာရင်းအင်းပိုင်းကအစ လုပ်ငန်းကိစ္စအဆုံး အစစအရာရာကို နားလည်နေပြီးသား။
ဒါသည် မြူ့ကို သူ့အနားခေါ်ထားခွင့်ရဖို့ တစ်ခုတည်းသောအကြောင်းပြချက်လည်း ဖြစ်သည်။

"The wonderမှာ အရေးအကြီးဆုံးက စည်းကမ်းပဲ တချို့ဝန်ထမ်းတွေက နည်းနည်းစည်းကမ်းမလိုက်နာချင်ကြဘူး သားအနေနဲ့အလုပ်ကိုလည်းအာရုံစိုက်ဖို့လိုသလို စည်းကမ်းပိုင်းကိုလည်းကိုယ်တိုင်လိုက်နာဖို့လိုမယ် နားလည်တယ်မလား"

"စည်းကမ်းကိုတော့ နားလည်ပေမယ့် အလုပ်ကိုတော့.."

သူ ခေါင်းခါပစ်လိုက်တော့ မေမေက မသင်္ကာသလိုကြည့်လာ၍ မျက်နှာကိုတည်ထားလိုက်ပြီးစာရွက်တွေကိုပဲ ကြည့်နေလိုက်သည်။
မေမေ မြူ့ကို သူ့ဆီကခေါ်ထုတ်ချင်နေတာ သူမသိဘဲနေမလား…

"အဲ့ဒါဆိုလည်း မြူနဲ့တွဲလုပ်ပေါ့ မေမေ တစ်လပဲအချိန်ပေးမယ် CEOတစ်ယောက်ဟာ အဲ့လောက်မညံ့ဖျင်းရဘူးနော်"

သူ မသိသောအခြားတစ်ဖက်၌Tahanan ng mga kuwento. Tumuklas ngayon