part.20 ( uni & zawgyi )

2.2K 74 3
                                    

💜​စေတန်​ရဲ့သတို့သမီး💜

           အပိုင်း(၂၀)
           💜💜💜💜

"​အား..."

​ခေါင်းထဲကမခံမရပ်​နိုင်​​အောင်​..ထိုးကိုက်​​နေတဲ့
​ဝေဒနာ​ကြောင့်..​နေ..အံကြိတ်​ကာ..ခပ်​တိုးတိုး..
ငြီးငြူလိုက်​မိသည်​။​နေ့​ကြောင့်..သူမကို..အိပ်​​ရေး
မပျက်​​စေချင်​​တာ​ကြောင့်..ကုတင်​​ပေါ်က​နေ...
​ဖြေး​ဖြေးဆင်းလိုက်​ပြီး...ယိုင်​နဲ့​နေတဲ့..​ခြေလှမ်း​တွေနှင့်
​ရေချိုးခန်းထဲ..ဝင်​လာခဲ့သည်​။

"ဗြု​တ်​..ဗြုတ်​..."

ဝတ်​ထားတဲ့..ရှပ်​အင်္ကျီကကြယ်​သီး​တွေကို...
ခပ်​ကြမ်းကြမ်းဆွဲဖြုတ်​လိုက်​ရင်း..အင်္ကျီကို..
ချွတ်​ပစ်​ကာ..​ရေချိုးခန်းကြမ်းပြင်​ကို..လုံး​ထွေး
ပစ်​​ပေါက်​ပစ်​လိုက်​သည်​။

"ဟား..."

"ဒုန်း.."

​နေ..​ဒေါသနှင့်..​ရေချိူးခန်းနံရံကိုလက်​သီးနှင့်ပစ်​ထိုးလိုက်​၏..
နဂိုထဲက..​စိတ်​ကြီးသူမို့..ခံစား​နေရတဲ့​ဝေဒနာ​ရော
အာရုံထဲမှာ..ထင်​ရှားစွာမြင်​​နေရ​ပေမဲ့..ဘယ်​သူ​တွေ
ဆိုတာ..လုံးဝကိုစဉ်းစားလို့မရတဲ့...အ​ခြေအ​နေက..
တစ်​ကယ့်ကိုစိတ်​ပျက်​စရာ...

"ဘာ​တွေလဲ..သူတို့ကဘယ်​သူ​တွေလဲ..​ပျောက်​ဆုံး
​နေတဲ့ငါ့မှတ်​ညဏ်​​တွေထဲမှာ..ဘာ​တွေရှိခဲ့တာလဲ..
သူတို့က..ငါ့ကိုဘာလို့ချမ်းလို့​ခေါ်​နေရတာလဲ..
ဒါမှမဟုတ်​..​နေ့လည်​က..ငါ့ကိုလူမှားခဲ့တဲ့..အမျိုးသမီး
​ကြောင့်..ငါစိတ်​စွဲပြီး..ထင်​​ယောင်​ထင်​မှား..ဖြစ်​
​နေတာလား...ဟား..တစ်​ကယ်​ပဲ..."

​နေ..​ရေချိုးခန်းနံရံကိုလက်​တစ်​ဖက်​​ထောက်​ထားရင်း
​ရေပန်းကိုဖွင့်ချလိုက်​သည်​။​အေးမြ​နေတဲ့​ရေ​တွေက
​ခေါင်းက​နေတစ်​ဆင့်..တစ်​ကိုယ်​လုံးကိုစီးကျ​နေ
​သော်​လဲ..​နေ့ရင်​ထဲမှာ​ရော..​ခေါင်းထဲမှာပါ..မီး​တောက်​
​နေခဲ့သည်​။

​နေ..မျက်​နှာကို​မော့လိုက်​ကာ..​ရေပန်း​အောက်​မှာ
ရပ်​​နေမိရင်း....

~~~~~~~~~~~~

"အင်း...."

အသင်​..ဖျပ်​ခနဲတ​ရေးနိုးလာ​တော့..အနားမှာ..
သူရှိ​မ​နေ​တော့....

စေတန်ရဲ့သတို့သမီးWhere stories live. Discover now