part.21(uni&zawgyi)

1.7K 67 0
                                    

💜​စေတန်​ရဲ့သတို့သမီး💜

      အပိုင်း(၂၁)
      💜💜💜💜

"အ​ပြောကြီးတဲ့..မိန်းမ...ဒီထဲမှာတည​လောက်​
​နေလိုက်​...နင့်ကိုဘယ်​သူလာကယ်​မလဲဆိုတာ...
ကြည့်လိုက်​ဦးမယ်​...ဟွန့်..."

​ရွှေရုပ်​...လက်​ထဲမှာရှိ​နေတဲ့..အင်္သ​ချေ့ရဲ့ဖုန်းကို
ဘထ္တရီဖြုတ်​လိုက်​ပြီး..ဆလင်းဘတ်​အိတ်​​လေးထဲ
​ထည့်လိုက်​သည်​။

"ဒီမှာပဲ..နင့်ရဲ့heroကို​စောင့်​နေလိုက်​​တော့.....
Bye..Bye...အသင်္ချေ..."

စကားအဆုံး..​ရွှေရုပ်​အ​ရောင်​ရင့်ရင့်ဆိုးထားတဲ့
နူတ်​ခမ်း​တွေကို..တွန့်ပြုံးကာ..ချာခနဲလှည့်ထွက်​လာ
ခဲ့သည်​။

"ဪ..​ရွှေရုပ်​အခုမှပြန်​မှာလား..."

ထွက်​​ပေါက်​​ရှေ့မှာ..​ရွှေရုပ်​ကိုနူတ်​ဆက်​လိုက်​တဲ့
လုံခြုံ​ရေးဦး​လေးကြီး...

"​ရွှေရုပ်​...ပစ္စည်းကျန်​ခဲ့လို့လာယူတာ.."

"​ဟော..ခုနကလဲ..အသင်္ချေက..ဖုန်းကျန်​ခဲ့လို့
လာယူတာတဲ့..ဒီ​နေ့ငါတို့သတင်း​ထောက်​​လေး​တွေ
တယ်​​မေ့​နေတာကိုး..​ဟေး..​ဟေး.."

ဦး​လေးကြီးက​ပြောလဲ​ပြော..ကွမ်းချိုးတက်​​နေသည့်
သွား​တွေ​ပေါ်​အောင်​ရယ်​သည်​။​ရွှေရုပ်​..ဟန်​မပျက်​
ပြုံးလိုက်​ရင်း...

"အသင်​က..ပြန်​ထွက်​သွားပြီ​လေ..."

"​ဟေ...ဟုတ်​လား..ဦး​လေး​တောင်​မသိလိုက်​ပါလား
ဪ...ဦး​လေး..ကွမ်းထုပ်​သွားယူ​နေတုန်း..
ထွက်​သွားတာ​နေမယ်​.."

"ဟုတ်​လိမ့်မယ်​...​ရွှေရုပ်​သွား​တော့မယ်​​နော်​...
ဦး​လေး..."

"​အေး..​အေး..လူကုန်​ပြီဆိုရင်​..ဦး​လေးလဲ......
မိန်း​တွေချပြီး..တံခါးပိတ်​လိုက်​​တော့မယ်​.."

​ပြောရင်း..ရုံးထဲကိုလှမ်းဝင်​သွားတဲ့..လုံခြုံ​ရေး..
ဦး​လေးကြီးကိုကြည့်ပြီး..​ရွှေရုပ်​လှစ်​ခနဲပြုံးလိုက်​သည်​။
မိန်းက..ဂျာနယ်​တိုက်​​အောက်​ထပ်​၊စတိုခန်းထဲမှာ
ချရမှာမို့..​ရွှေရုပ်​အ​ပေါ်ထပ်​ရုံးခန်းမှာပိတ်​ထားခဲ့တဲ့
အင်္သ​ချေ..​အော်​ဟစ်​​နေရင်​​တောင်​..လုံခြုံ​ရေးက
ကြားမှာမဟုတ်​တာ​သေချာ​နေသည်​​လေ...

စေတန်ရဲ့သတို့သမီးWhere stories live. Discover now