part.22(uni&zawgyi)

2K 62 1
                                    

💜​စေတန်​ရဲ့သတို့သမီး💜

       အပိုင်း(၂၂)
       💜💜💜💜

"ညီမ​လေး...ညီမ​လေးဆိုတာဘယ်​သူလဲ..."

​နေ...အသည်းအသန်​...စဉ်းစားလိုက်​မိ​ပေမဲ့....
​ခေါင်းထဲတဆစ်​ဆစ်​ထိုးကိုက်​လာရုံကလွဲလို့...
ဘာမှထူးခြားမလာခဲ့...

"သခင်​​လေး..အတိတ်​မ​မေ့ခင်​တုန်းက...သခင်​​လေးမှာ..
အရင်းနှီးဆုံး..မိသားစုဝင်​ဆိုလို့..သူ​ဌေးကြီးနဲ့..
ကျွန်​​တော်​ပဲရှိတာပါ..."

အန်​ကယ်​ဂျိမ်း​ပြောတဲ့စကားကိုပြန်​ကြား​ယောင်​
မိ​တော့..​နေ..​ခေါင်းကိုခါရမ်းလိုက်​မိသည်​။

"အန်​ကယ်​ဂျိမ်း..​ပြောတာ​တွေသာ..အမှန်​ဆိုရင်​
ငါမြင်​​နေ..ကြား​နေရတဲ့အရာ​တွေက..ဘာ​တွေလဲ..
​ပျောက်​ဆုံး​နေတဲ့..ငါ့ရဲ့..၁၆နှစ်​တာမှတ်​ညဏ်​​တွေထဲ
မှာ..ဘာ​တွေရှိခဲ့တာလဲ...အန်​ကယ်​ငါ့ကိုတစ်​ခုခု
ဖုံးကွယ်​ထားတာလား..."

တစ်​​ယောက်​ထဲအ​တွေး​တွေနဲ့..​ရူပ်​​ထွေးသွားရသည်​။
ဒါ​ပေမဲ့..အခုချိန်​မှာ..သူမကသာ..အ​ရေးကြီးဆုံးမို့
​နေ..အရာအားလုံးကို​ဘေးချိတ်​ထားလိုက်​သည်​။

"မင်း..ဘာမှမဖြစ်​ရဘူး...ချာတိတ်​..."

💜💜💜💜
"နှလုံးခုန်​တာ..ပုံမှန်​ဖြစ်​သွားပါပြီ..စိုးရိမ်​စရာ..
မရှိ​တော့ပါဘူး...​ဆေးရုံ​ရောက်​တဲ့အချိန်​သာ...
နည်းနည်း​နောက်​ကျသွားရင်​..လူနာမှာ..အသက်​
အနာ္တရယ်​စိုးရိမ်​ရတဲ့အ​ခြေအ​နေဖြစ်​လာနိုင်​တယ်​.."

သူမကို..ကုသ​ပေးတဲ့တာဝန်​ကျဆရာဝန်​​ပြော​နေတဲ့
စကားကို...နား​တွေကသာ..နား​ထောင်​​နေ​ပေမဲ့...
​နေ့ရဲ့..မျက်​ဝန်း​တွေက​တော့..​ဆေးရုံကုတင်​​ပေါ်မှာ..
လှဲ​လျောင်း​နေတဲ့သူမဆီမှာသာစူးစိုက်​​နေရသည်​။

"နှလုံးနဲ့ပါတ်​သတ်​ပြီး..ခွဲစိတ်​မူ့လုပ်​ထားတဲ့...
လူ​တွေအတွက်​..ဒီလိုအ​ခြေအ​နေကစိုးရိမ်​စရာပဲ
​နောက်​ဆိုပိုပြီးဂရုစိုက်​​ပေးပါ..."

​ဒေါက်​တာ့စကား​ကြောင့်..​နေ..ဖျပ်​ခနဲလှည့်ကြည့်
လိုက်​မိသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now