part.23(uni&zawgyi)

1.9K 67 2
                                    

💜​စေတန်​ရဲ့သတို့သမီး💜

         အပိုင်း(၂၃)
         💜💜💜💜

"ငါသက်​သာပါတယ်​ကြည်​နူးရဲ့..ဘာမှစိတ်​မပူနဲ့
အမှန်​တိုင်း​ပြောရရင်​ငါကအလုပ်​​တောင်​ပြန်​ဆင်း
ချင်​​နေတာ..ဒါ​ပေမဲ့...အဲ့ဒီလူက​လေ...ဟင်း...
မ​ပြောချင်​​တော့ပါဘူးဟာ..."

အသင်​...ဖုန်း​ပြော​နေရင်း...စိတ်​ပျက်​သလို​လေး..
ုငြီးငြူလိုက်​လျှင်​ကြည်​နူးကရယ်​သည်​။

"ငါလဲ..မ​နေ့ကရုံးလာလာချင်း..နင့်သတင်းကိုကြားပြီး
အရမ်းလန့်သွားတာ..ဒါ​ပေမဲ့..ဘယ်​​ဆေးရုံမှာမှန်းလဲ
မသိ၊ဘယ်​လိုက်​လာရမှန်းလဲမသိ...ပြီး​တော့...
ဖုန်းကလဲဆက်​လို့မရဆို​တော့..ဘာလုပ်​လို့လုပ်​ရမလဲ
ကိုမသိပဲ..ပြာသွားတာ..."

ကြည်​နူးက..အသင့်ကိုတစ်​ကယ်​စိတ်​ပူ​နေတယ်​ဆိုတာ
အသင်​သိပါသည်​။

"ဒါဆို..နင်​က..၁ပါတ်​​နေမှ..အလုပ်​ပြန်​ဆင်းမှာ​ပေါ့"

"အင်း..ဟုတ်​တယ်​..အယ်​ဒီတာ့ဆီမှာခွင့်တစ်​ပါတ်​
ယူထားတယ်​..."

"အဖွားဆီ​ရော..နင်​ဖုန်းဆက်​ပြီးပြီလား.."

"ဆက်​ထားတယ်​...ဖုန်း​ပျောက်​သွားတယ်​ဆိုပြီး
ဖုန်းနံပါတ်​အသစ်​လှမ်း​ပေးထားတယ်​...အဘွားတို့
ရိပ်​သာက..​ယောဂီ​တွေက..ဒီ၃၀ရက်​​နေ့မှာ...
​မော်​လမြိုင်​ဘက်​ကို..ဘုရားဖူးသွားကြမှာတဲ့..
အဲ့ဒါ..ငါဒီတစ်​ပါတ်​ထဲမှာပဲ..အဘွားဆီသွား​တွေ့
ရဦးမယ်​..နင်​လိုက်​ဦးမလား..."

"အင်း...လိုက်​ခဲ့မယ်​​လေ...ဒါနဲ့အသင်​...​ရွှေရုပ်​လွှာ​လေ.."

"​ရွှေရုပ်​လွှာ..သူဘာဖြစ်​လို့လဲ..."

အသင်​..​မေးလိုက်​လျှင်​...ကြည်​နူးကဖုန်းထဲက​နေ
​လေသံကိုနှိမ့်လိုက်​ရင်း...

"သူမ​နေ့က..The Sun Jewellery Showroom
မှာ..အရှက်​ကွဲခဲ့တယ်​တဲ့..."

"ဘယ်​လို..."

"သူ့ကဒ်​က..အပိတ်​ခံထားရတယ်​ဆိုပြီး..Showroom
ထဲက​နေ..ဆွဲထုတ်​ခံလိုက်​ရတာ..ပြီး​တော့.....
ကားပါကင်​မှာရပ်​ထားတဲ့သူ့ကားကလဲ..ဘယ်​သူ့
လက်​ချက်​မှန်းမသိစုတ်​ပြတ်​​နေတာပဲတဲ့..."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now