part.24(uni&zawgyi)

1.7K 60 0
                                    

💜​စေတန်​ရဲ့သတို့သမီး💜

          အပိုင်း(၂၄)
          💜💜💜💜

"သူ​ရော..ဆင်းမလာ​သေးဘူးလား.."

​နေ..မနက်​​အောက်​ဆင်းလာ​တော့..ထမင်းစားခန်း
ထဲမှာ..သူမကိုမ​တွေ့တာမို့..​မေနွမ်းကို​မေးလိုက်​မိသည်​။

"မမ​လေးက..အခုထိဆင်းမလာ​သေးဘူး..boss
ကျွန်​မသွား​ခေါ်လိုက်​ပါ့မယ်​..."

​နေ..ထိုင်​​နေတဲ့အ​ရှေ့မှာ..​ကော်​ဖီခွက်​ကိုလာချ​ပေးရင်း
​မေနွမ်း​ပြော​တော့..​နေ...လက်​ကာလိုက်​မိကာ..

"ရတယ်​..​မေနွမ်း..သွားမနိုးနဲ့..သူ​ညကဝိုင်​​တွေ
​သောက်​တာများသွားလို့မထနိုင်​တာဖြစ်​မယ်​...
​ကော်​ဖီခါးခါး​လေးတစ်​ခွက်​​ဖျော်​ထားလိုက်​ပြီးရင်​
သံပုရာသီးပါထည့်ထားလိုက်​..ကျွန်​​တော်​ယူသွား
လိုက်​မယ်​..."

"ဟုတ်​ကဲ့..."

​နေ..​ကော်​ဖီကိုခါတိုင်းလို​အေး​အေး​ဆေး​ဆေး..
မ​သောက်​နိုင်​ပဲ..​မေနွမ်း​သူမအတွက်​..​ကော်​ဖီ
​ဖျော်​​ပေးပြီးတာနှင့်..ဗန်းထဲထည့်ယူကာ..အ​ပေါ်ကို
ပြန်​တက်​လာခဲ့သည်​။

သူမအခန်း​ရှေ့ကို​ရောက်​​တော့..တံခါး​ခေါက်​မ​နေ​တော့ပဲ
Lockမချထားတဲ့..အခန်းတံခါးကိုဖွင့်ကာအထဲကို
ဝင်​လာခဲ့သည်​။

"သူ..အခုထိအိပ်​​နေ​သေးတာပဲ..."

​မွေယာ​ပေါ်မှာ..​ဘေး​စောင်း​လေးအိပ်​​နေတဲ့သူမကို
မြင်​မှ..​နေစိတ်​​အေးသွားရသည်​။သူမအနားကို
​လျောက်​သွားရင်း..​ကော်​ဖီဗန်းကိုစားပွဲ​ပေါ်တင်​ပြီး
သူမနားမှာ..အသာ​လေးဝင်​ထိုင်​လိုက်​သည်​။

"အိပ်​​နေတဲ့အခါ..တစ်​ကယ့်က​လေးလိုပဲ..အဟင်း..."

​နေ..သူမဆံနွယ်​​လေး​တွေကိုသပ်​တင်​​ပေးလိုက်​ရင်း
သ​ဘောကျစွာ​ရေရွတ်​လိုက်​မိသည်​။ဝိုင်​အရှိန်​​ကြောင့်
ထင်​သည်​။သူမမျက်​နှာ​လေးက​ဖောင်းအစ်​​နေပြီး
အသည်းယားစဖွယ်​...​နေ..သူမပါး​လေးတစ်​ဖက်​ကို
နှာ​ခေါင်းချွန်​ချွန်​နှင့်မထိတထိတို့နမ်းလိုက်​သည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now