part.25(uni&zawgyi)

1.8K 58 0
                                    

💜​စေတန်​ရဲ့သတို့သမီး💜

          အပိုင်း(၂၅)
          💜💜💜💜

" ဟင့်အင်း...အသင်​ပီ​ကေမစားပါဘူး...မစားဘူး "

အသင်​​ပြောလဲ​ပြောတံခါးကိုလည်းပြန်​ပိတ်​ဖို့ပြင်​လိုက်​​ပေမဲ့
အသင့်ထက်​လက်​မြန်​တဲ့သူက တံခါးကိုတွန်းလိုက်​သည်​။

အားချင်းမမျှ​တာ​ကြောင့် အသင့်ကိုယ်​​လေးတံခါးနားက​နေ
နှစ်​လှမ်း​လောက်​ဆုတ်​သွားရချိန်​မှာ သူက​တော့အခန်းထဲကို
လှမ်းဝင်​လာခဲ့ပြီဖြစ်​၏။

" ငါ​တော့သွားပြီပဲ.... "

အမြန်​ပဲပါစပ်​ထဲကပီ​ကေကို လက်​ထဲ​ထွေးထုတ်​ပြီး
လက်​နှစ်​ဖက်​လုံးအ​နောက်​ကိုပစ်​လိုက်​တာက သူအသင့်​ရှေ့မှာ
​ခြေစုံရပ်​လိုက်​တာနှင့်ကွက်​တိမို့ အသင့်ခန္ဓာကိုယ်​​လေး
တုန်​တက်​သွားရ၏။

" ............. "

​နေအ​ကြောက်​လွန်​​နေသည့်​ကောင်​မ​လေးကိုကြည့်ကာ
ရယ်​လိုက်​မိသည်​။ အသည်းယားစရာ​ကောင်းလှတဲ့သူမကို
ခပ်​ကြမ်းကြမ်းနမ်းရိူက်​ပစ်​လိုက်​ချင်​​ပေမဲ့စိတ်​ကိုထိန်းချုပ်​
ထားရင်း....၊

" ​ရော့.... "

လက်​ထဲက ​ရေခဲမုန့်ဘူးထည့်ထားတဲ့အိတ်​​လေးကို
လှမ်း​ပေးလိုက်​​တော့ သူမကမျက်​လုံးဝိုင်း​လေးနှင့်အံ့ဩသလို
​မော့ကြည့်သည်​။

"ဘာကြည့်​နေတာလဲ မယူဘူးလား.... "

ထပ်​​ပြောလိုက်​မှလက်​တုန်​​ခြေတုန်​နှင့်လှမ်းယူသည်​။

"နှစ်​ပွဲဝယ်​ခဲ့တယ်​..မင်းမဝမှာစိုးလို့..."

အသင်​..သ​ဘော​ကောင်း​နေတဲ့..သူ့ကိုကြည့်ပြီး..
အံ့ဩ​နေရစဉ်​မှာပဲ သူက​ရေခဲမုန့်ဘူး​တွေကို
အသင့်ဆီလှမ်း​ပေးပြီးအထဲဝင်​လာလျက်
သူကအသင့်ကုတင်​နားကို
​လျှောက်​သွားကာ..​မွေ့ယာ​ပေါ်တက်​ထိုင်​ရင်း...
အသင်​ဖတ်​​နေတဲ့ပုံပြင်​စာအုပ်​ကိုယူကြည့်သည်​။

"မင်းက..ဒီအရွယ်​ပဲ​ရောက်​​နေပြီ...ပုံပြင်​​တွေက..
ဖတ်​တုန်းလား..."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now