part.26(uni&zawgyi)

1.7K 52 0
                                    

💜​စေတန်​ရဲ့သတို့သမီး💜

         အပိုင်း(၂၆ )
         💜💜💜💜

"သခင်​​လေးရဲ့..မှတ်​ညဏ်​​တွေကို...နိူးဆွ​ပေးနိုင်​တဲ့
သူ့ရဲ့အတိတ်​က...အမှတ်​တရ​တွေ..ဒါမှမဟုတ်​..
သူအတိတ်​မှာ..ပါတ်​သတ်​ခဲ့ဖူးတဲ့..သူ​တွေ..အဲ့ဒီ
အရာ​တွေသာ..သခင်​​လေးနားမှာ..ရှိ​နေရင်​....
သခင်​​လေးက..အ​နှေးနဲ့အမြန်​..မှတ်​ညဏ်​​တွေ
ပြန်​ရလာမှာပဲ..ဂျိမ်း..."

"ဒါဆို..ခင်​ဗျား​ပြောချင်​တဲ့..သ​ဘောက...သခင်​​လေး
အခုလို..အတိတ်​နဲ့ပါတ်​သတ်​တဲ့မှတ်​ညဏ်​​တွေ...
တစွန်းတစပြန်​ပြန်​​ပေါ်လာတာက..သူ့မှတ်​ညဏ်​​တွေကို
နိူးဆွ​ပေး​နေတဲ့..တစ်​စုံတစ်​ရာကသူ့အနားမှာ..
ရှိ​နေတယ်​လို့​ပြောချင်​တာလား...ဦးထွန်းမြတ်​.."

"ဟုတ်​တယ်​..သခင်​​လေး..အဲ့ဒီ​နေ့ကကျုပ်​ဆီလာပြီး
သူ့ရဲ့မှတ်​ညဏ်​​တွေပြန်​ရ​အောင်​ကူညီ​ပေးဖို့...
​ပြောခဲ့တဲ့အချိန်​တုန်းက..ကျုပ်​အရမ်းလန့်သွားခဲ့တာ
သခင်​​လေးသာ..မှတ်​ညဏ်​​တွေပြန်​ရသွားပြီး...
အ​ကြောင်းစုံသိသွားခဲ့ရင်​..ကျုပ်​ကိုချမ်းသာ​ပေးမှာ
မဟုတ်​ဘူး..."

​ပြောရင်းနဲ့..ထိတ်​လန့်သလိုဖြစ်​လာသည့်..ဦးထွန်းမြတ်​ရဲ့
စကား​တွေကို..နား​ထောင်​ရင်း..ဂျိမ်းသက်​ပြင်း
ချလိုက်​မိသည်​။

"ခင်​ဗျား..ဘာမှမပူပါနဲ့..ကျုပ်​တို့က..ဆုံးသွားတဲ့
သူ​ဌေးကြီးရဲ့အမိန့်ကိုနာခံပြီး..သခင်​​လေးကို..
​စောင့်​ရှောက်​​နေကြတာ.."

"သခင်​​လေးက..အဲ့လို​တွေးမယ်​လို့..ခင်​ဗျား...
ထင်​​နေလို့လား...သူမှတ်​ညဏ်​​တွေပြန်​ရသွားရင်​
ကျုပ်​ကိုအရင်​ဆုံးသတ်​မှာ..."

ဦးထွန်းမြတ်​..စိုးရိမ်​​နေတာကို..ဂျိမ်းနားလည်​​ပေး
နိုင်​သည်​။တစ်​ကယ်​တမ်းလဲ..သခင်​​လေးသာ..
မှတ်​ညဏ်​​တွေပြန်​ရသွားရင်​..ဖြစ်​လာမဲ့အကျိုးဆက်​
​တွေကမ​တွေးရဲစရာပင်​...ဂျိမ်း..တခြားအရာ​တွေထက်​
သခင်​​လေးရဲ့စိတ်​နှလုံးသားနာကျင်​ရမှာကို....
ပိုပြီးစိတ်​ပူသည်​။

ဘာလို့များ..သခင်​​လေးရဲ့..အသားကျ​နေတဲ့..
ဘဝထဲကို..ဒီလိုရိုက်​ခတ်​မူ့​တွေကြုံ​တွေ့လာရတာလဲ...

စေတန်ရဲ့သတို့သမီးWhere stories live. Discover now