part.27(uni&zawgyi)

1.7K 57 0
                                    

💜​စေတန်​ရဲ့သတို့သမီး💜

       အပိုင်း(၂၇)
       💜💜💜💜

ယိုင်​နဲ့နဲ့​ခြေလှမ်း​တွေကို..မပျက်​​အောင်​ကြိုစား
ထိန်းပြီး...ကားပါကင်​ထိ..​နေ..​ရောက်​လာခဲ့သည်​။

"boss..."

​​အ​နောက်​က​နေ​ပြေးလာတဲ့..​ခြေသံတဖတ်​ဖတ်​နှင့်အတူ
​နေ့လက်​​မောင်းကို..လာထိန်းကိုင်​လိုက်​တဲ့..ဇ,

"boss..အ​ဆင်​​ပြေရဲ့လား.."

​မေးလဲ​မေး..ဇ,ကား​နောက်​ခန်းကိုဖွင့်​ပေးရန်​
ပြင်​လိုက်​စဉ်​...

"မင်း​နေခဲ့...ဇ,...."

"ဗျာ.."

​နေ့စကား​ကြောင့်..ဇ,အံ့ဩသလို​မော့ကြည့်လာသည်​။

"boss..တစ်​​ယောက်​ထဲကား​မောင်းလို့မဖြစ်​ဘူး
ထင်​တယ်​..."

​မြေ​အောက်​ခန်းမှာကတည်းက..bossမျက်​နှာ
ဖြူဖပ်​ဖြူ​ရော်​ ဖြစ်​သွားတာ..ဇ,သိသည်​။ပြီး​တော့
ဩဇာလို လူမျိုးကိုချမ်းသာ​ပေးခဲ့တာကိုလဲအံ့ဩလို့
မဆုံး...boss..ဒီလို​တွေ​ဝေ​နေခဲ့တဲ့ပုံစံမျိုးကို..
​ဇ,တစ်​ခါမှ..မမြင်​ဖူးခဲ့...

ဇ,​တွေး​နေမိစဉ်​မှာပဲ..​နေက​တော့..ကား​မောင်းသူ
​နေရာမှာ..ဝင်​ထိုင်​လိုက်​ပြီဖြစ်​သည်​။

"ဒီက..ကိစ္စကို..မင်းကြည့်ရှင်းလိုက်​​တော့.."

"ဟုတ်​ကဲ့..boss...bossစံအိမ်​ပဲတန်းပြန်​မှာ
မဟုတ်​လား.."

ဇ,​မေးတာကို..bossပြန်​မ​ဖြေခင်​မှာ..ကားက..
​မောင်းထွက်​သွားခဲ့ပြီ..ဖြစ်​သည်​။

"boss..ဘာ​တွေဖြစ်​​​နေတာလဲ..."

ဇ,တစ်​​ယောက်​ထဲ..နားမလည်​သလို..ရပ်​ကျန်​
​နေခဲ့ရရင်း...၊

💜💜💜💜

"၃ရက်​​လောက်​​တော့ကြာမယ်​ထင်​တယ်​...သိတဲ့
အတိုင်း..သူတို့ကစား​သောက်​ဆိုင်​ဝန်​ထမ်း​တွေကို
တစ်​နှစ်​တစ်​​ခေါက်​..ခရီးပုံမှန်​ပို့​ပေး​နေကြ​လေ..
ဒီတစ်​​ခေါက်​..​ချောင်းသာလို့ကြားတယ်​..အသင်​ရဲ့"

အသင်​..အန်​တီမူတို့ဆီလာ​တော့..စား​သောက်​ဆိုင်​​ရော
တိုက်​ခန်းပါပိတ်​ထားတာ​ကြောင့်..အရင်​အသင်​နဲ့
အခန်းချင်းကပ်​လျက်​​နေတဲ့..အမကြီးဆီမှာ..
စုံစမ်းကြည့်​​လိုက်​​တော့မှအ​ကြောင်းစုံသိရခြင်း
ဖြစ်​သည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now