part.28(uni&zawgyi)

1.7K 56 0
                                    

💜​စေတန်​ရဲ့သတို့သမီး💜

      အပိုင်း(၂၈)
      ❤◦.¸¸. ◦✿

မှန်​နံရံနားမှာ..ခါး​ထောက်​ရပ်​ပြီး..ခြံထဲကို​ငေးကြည့်
​နေတာ..မိနစ်​အနည်းငယ်​ကြာပြီဖြစ်​တဲ့..သခင်​​လေး
ဂျိမ်း..သခင်​​လေးအ​နောက်​မှာ..လက်​နှစ်​ဖက်​
​နောက်​ပစ်​ပြီး..ရပ်​​နေမိ​ပေမဲ့..သခင်​​လေးစကား..
စမ​ပြောပဲနဲ့..မ​မေးဝံ့​ပေ...၊

"သခင်​​လေး.."

တိတ်​ဆိတ်​​နေတာ..အတန်​ကြာ​တော့..ဂျိမ်း..အသိ
​ပေးသလို​ခေါ်လိုက်​မိသည်။

"အန်​ကယ်​...ဘာလို့..ကျွန်​​တော့်ကိုညာခဲ့ရတာလဲ"

​မေးခွန်းနဲ့အတူ လှည့်ကြည့်လာတဲ့မျက်​ဝန်း​တွေက
အသက်​မဲ့လူတစ်​​ယောက်​လို.....

"ကျွန်​​တော့်မှာ..ပါပါ့အပြင်​တခြားမိသားစုဝင်​​တွေ
မရှိခဲ့ဘူးဆိုတာ..အန်​ကယ်​ညာခဲ့တာမဟုတ်​လား"

သခင်​​လေး...အ​မေး​ကြောင့်..ဂျိမ်းထိတ်​လန့်သွားရသည်​။

"သခင်​​လေး..သခင်​​လေးကဘာကို.."

"ကျွန်​​တော့်မှာ..ညီမတစ်​​ယောက်​ရှိခဲ့တယ်​မဟုတ်​လား"

"ဗျာ..."

ူဒီတစ်​ခါ..ထိတ်​လန့်သွားခဲ့ရခြင်းက..အာ​မေဋိတ်​သံပင်​
ထွက်​သွားရတဲ့အထိပင်​

သခင်​​လေးမှတ်​ညဏ်​​​တွေပြန်​ရသွားတာလား..
ဟင့်အင်း..မဖြစ်​နိုင်​ဘူး..သခင်​​လေးအတိတ်​ကိုသာ
ပြန်​သတိရသွားရင်​..ဒီလို​သွေး​အေး​နေမှာမဟုတ်​ဘူး

ဂျိမ်း..အ​တွေးနဲ့မျက်​ဝန်း​တွေက..​ယောက်​ယတ်​ခတ်​
သွားရတာကို..​နေ..ကအကဲခတ်​သလိုကြည့်​နေသည်​။

"ကျွန်​​တော်​​မေး​နေတယ်​​လေ..အန်​ကယ်​ဘာလို့ပြန်​
မ​ဖြေတာလဲ...ကျွန်​​တော့်မှာတစ်​ကယ်​ပဲညီမတစ်​​ယောက်​
ရှိခဲ့တယ်​မဟုတ်​လား...ထင်​​ယောင်​ထင်​မှား....
ဖြစ်​တာပါလို့​တော့အန်​ကယ်​မ​ပြောပါနဲ့..အာရုံထဲမှာ
မြင်​ချင်​ရာမြင်​​နေရ​အောင်​..ကျွန်​​တော်​ကအတိတ်​
​မေ့ရုံ​မေ့​နေတာပါ..မရူး​သေးဘူး"

ဒီတစ်​ခါလဲ..ဂျိမ်း...ပြန်​မ​ဖြေနိုင်​ပဲ..​တောင်းပန်​
တိုးလျိုးတဲ့မျက်​ဝန်း​တွေနှင့်​မော့ကြည့်လိုက်​မိပြန်​သည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now