part.29(uni&zawgyi)

1.7K 58 0
                                    

💜​စေတန်​ရဲ့သတို့သမီး💜

     အပိုင်း(၂၉)
     💜💜💜💜

"ဒါ..ကို​နေကုဋာရဲ့ဖုန်းမဟုတ်​ဘူးလား..အခု​ပြော​နေတာ
ဘယ်​သူလဲ..မသိဘူး..."

"တို့က..သူ့မိတ်​​ဆွေပါ..သူအခုမရှိဘူး..."

တစ်​ဖက်​ကမိန်းက​လေးအသံက..ချိုသာသည်​ထက်​
ညို့ဓာတ်​ပါ​နေသည့်အသံမျိုးဖြစ်​​နေတာကို...
အသင်​..သတိထားလိုက်​မိသည်​။

"ဒါဆို...သူက..အခုဘယ်​မှာလဲ..ဟယ်​လို...ဟယ်​လို"

အသင့်..စကားမဆုံးခင်​..တစ်​ဖက်​ကဖုန်းချသွားသည်​။

"ဟာ..ဘာလဲဟ...သူ့ဖုန်းကဘာလို့..မိန်းက​လေး
တစ်​​ယောက်​ရဲ့လက်​ထဲကို​ရောက်​​နေတာလဲ...
တစ်​ကယ်​ပဲ..."

အသင်​..ဘာကိုအလိုမကျဖြစ်​သွားရမှန်းမသိ...
စိတ်​တိုသွားကာ..ဖုန်းကို​မွေ့ယာ​ပေါ်ကိုင်​​ပေါက်​လိုက်​
သည်​။

"​နေပ​စေ...ဘာမှခွင့်မ​တောင်း​တော့ဘူး...သူ​တောင်​
မိန်းက​လေး​တွေနဲ့သွားချင်​ရာသွား​နေတာ..ငါလဲ
ဘာမှခွင့်​တောင်း​နေစရာမလိုဘူး..သွားချင်​ရာ..
သွားမယ်​..."

မ​ကျေမနပ်​နှင့်..ပွစိပွစိ​မြည်​တမ်းရင်း..အသင်​..
​ရေချိုးခန်းထဲဝင်​လာခဲ့​တော့သည်​။

💜💜💜💜💜

သလင်း...သူ့ကိုလှမ်းမြင်​တာနှင့်..ဖုန်းကိုချက်​ချင်း
ချပစ်​လိုက်​ပြီး..စားပွဲ​ပေါ်ဟန်​မပျက်​ပြန်​တင်​ထား
လိုက်​သည်​။

"ကို​နေ့..ဖုန်းလာလို့..အ​ရေးကြီးဖုန်းဖြစ်​မှာစိုးလို့
သလင်​ဖုန်းကိုင်​လိုက်​တာ...ဘာမှမ​ပြောရ​သေးခင်​
ပြန်​ကျသွားတယ်​..."

​နေ..စားပွဲနားကို​ရောက်​လာတာနှင့်..​ဆီး​ပြောလိုက်​တဲ့
သလင်း....​

"ဖုန်းလာတာလား..."

​နေ...စားပွဲ​ပေါ်ပြန်​ထိုင်​လိုက်​ရင်း..ဖုန်းကိုယူကြည့်
လိုက်​​တော့..သူမဆီကဖြစ်​​နေသည်​။

"အ​ရေးကြီးဖုန်းထင်​တယ်​..."

​နေ့ကို...စူးစမ်းသလိုကြည့်ကာ..​မေးလိုက်​တဲ့သလင်း..

စေတန်ရဲ့သတို့သမီးWhere stories live. Discover now