9

535 71 3
                                    

ကိုယ်လုပ်သည့်အရာသည်ပေါ်ခံစားချက်ထားမရပါ
ရန်သူရဲ့သမီးဟာမိမိအတွက်အေးချမ်းရာဖြစ်နေခြင်းဟာ
မဖြစ်သင့်သောအရာဖြစ်သည်
ထို့ကြောင့်ဘယ်သူမှမသိအောင်တိတ်တိတ်ကလေးထိုခံစားချက်ကိုသိမ်းထားလိုက်သည်၊
ဒီကလေးမနဲ့နောက်ထပ်ဘယ်တော့မှထပ်မဆုံစေရဟုအဓိဌာန်ချလိုက်သည်
အိမ်ပြန်ရောက်သည်နှင့်
သက်ပြင်းတချချနှင့်ဖြစ်နေသည့်မာန်သွေးခက်ရှေ့ကို
နေသူရိန်ရောက်လာသည်၊
'မနက်ဖြန်၊သူအလုပ်လုပ်နေတဲ့နေရာကိုသွား၊ပန်းစည်းရယ်၊ချောကလက်ရယ်ဝယ်ပြီးဖွင့်ပြောလိုက်၊'
'ကျွန်တောါဘယ်လိုပြောရမှာလဲ'
'ဘာလဲငါကကဗျာစီပေးရမှာလား'
'တီလေး၊ရပ်လိုက်ပါတော့လား၊ဒေါ်ဂရေစ့်လည်းတီလေးကိုရှုံးသွားပြီပဲ'
'အဲ့တော့ငါ့အကိုပြန်ရှင်လာသလား!နေသူရိန်မောင်!ပြောစမ်း!ငါအကိုပြန်ရှင်လာသလား!'
'တီလေးအခုလိုလုပ်လို့ကောအဖေကပြန်ရှင်လာမှာလား´
'ဒါပေ့မဲ့နင်အမေကတော့အသက်ပျောက်နိုင်တယ်!၊ငါလူမသတ်ချင်ဘူး၊နေသူရိန်မောင်၊မေမီမီမောင်ဆိုတဲ့နင်အမေသာဂရေစ့်အောင်ခိုင်ဆီမသွားခဲ့ရင်နင်အဖေမသေသေးဘူး၊´
'တီလေးလက်ထဲကလွှတ်ဖို့ကျွန်တော်မစောင့်နိုင်တော့ဘူး´
စိတ်ပျက်လက်ပျက်နှင့်အိမ်ထဲကထွက်လာသည်၊
ထိုအိမ်နဲ့အဝေးဆုံးကိုကားနဲ့မောင်းထွက်လာလိုက်သည်၊
ဒေါသတကြီးနှင့်ကားကိုအရှိန်တင်ရန်ပြက်နေချိန်
အဖွားတစ်ယောက်ကိုလက်တွဲကာကားရှေ့ကိုဖြတ်လျှောက်တဲ့ကောင်လေးကိုမြင်ဖူးနေသည်၊
အဖွားကြည့်ရတာလန့်သွားပုံပြင်ဘေးကအဖွားကိုမေးမြန်းပြီးမိမိဘက်ကိုလှည့်လာကာလက်ခလယ်ထောင်ပြပြီး
'လူလိုမမောင်းဘူးလား၊သူတောင်းစားရ!´
မြင်ဖူးနေတဲ့ကောင်လေးကိုတွေ့တော့ရင်ထဲကအပူတွေရေနဲ့ပက်ချလိုက်သလိုပင်အေးချမ်းသွားသည်၊
နေသူရိန်မောင်ကားပေါ်ကဆင်းကာတဖက်ကားလမ်းကိုလိုက်သွားသည်
'ချာတိတ်၊ဆောရီးကွာ´
'သြော်ခင်ဗျားကို´
'အဖွားအဆင်ပြေရဲ့လားခင်ဗျာ´
'အခုမှပြီးအဆင်ပြေလာမေးမနေနဲ့၊ကားကိုလူလိုမမောင်းဘူး၊´
'မင်းကလည်းကားလမ်းကကြည့်ကူးလေ´
'မြေးတို့ရယ်၊အဖွားအဆင်ပြေတာမို့ရန်မဖြစ်ကြပါနဲ့၊မြေးလေးမိုးသစ်တောသေချာပြန်နော်´
'ဟုတ်အဖွား၊သားအိမ်ထိလိုက်မပို့တော့ဘူးနော်´
'အေးအေး´
အဖွားပြန်သွားတော့မှနှာခေါင်းရှုံကာမှတ်တိုင်ဘက်လမ်းလျှောက်သွားသည်၊
'နေပါဦးကွာ၊မင်းကရှားလော့သူငယ်ချင်းမလား´
'ဟုတ်တယ်၊အဲ့တော့လုပ်မလို့လဲ´
'ဘယ်ပြန်မှာလဲ၊ကိုယ်လိုက်ပို့မယ်လေ´
'ရပါတယ်၊မလိုပါဘူး၊ကျွန်တော်ဘာသာYBSစီးပြန်မယ်´
'လာပါကွာ´
လက်ကိုအတင်းဆွဲကာကားလမ်းကူးလိုက်သည်
'ဟေ့လူခင်ဗျားလွှတ်!ကားထွက်တော့မယ်၊ဟေ့လူ´
တဖက်လမ်းကမိမိကားရှေ့ရောက်မှလက်ကိုလွှတ်လိုက်သည်
'လိုက်ပို့ပေးမယ်၊ကားပေါ်တက်´
'ကျုပ်ကားလွတ်သွားပြီး!´
'အဲ့တာကြောင့်ကိုယ်လိုက်ပို့မယ်လို့´
တောက်ခေါက်ကာကားပေါ်တက်သွားပြီးကားတံခါးကိုဆောင့်အောင့်ကာပိတ်လိုက်သည်၊
ဆူပုတ်နေသည်ကောင်လေးကိုကြည့်ကာရယ်ချင်လာသည်
'ချာတိတ်နာမည်ကမိုးသစ်တောလား´
'နာမည်သိနေရင်လည်းနာမည်ခေါ်လေ၊ချာတိတ်ချာတိတ်နဲ့ကျုပ်အသက်၂၀ပြည့်တော့မယ်ဗျ´
'သြော်ဟုတ်ကဲ့ပါဗျာ၊ဒါနဲ့အလပြၽကပြန်လာတာလား´
'ထမင်းချိုင့်ရယ်၊ရုံးဝတ်စုံရယ်တွေ့နဲ့တောင်မဟုတ်ဘူး!အသုဘကပြန်လာတာ´
ရွဲ့နိုင်လွန်းသောလူသားလေးကြောင့်ရယ်နေမိသည်၊
မျက်စောင်းကလေးထိုးပြီးကြည့်ရင်ကိုယ့်မှာမကြောက်တတ်ပဲကြောက်ပြရသေးသည်၊
တလမ်းလုံးရွဲ့စောင်းကာပြောနေသူကိုအိမ်အထိလိုက်ပို့နိုင်ခဲ့သည်
'မင်းအိမ်က´
'မပြောပါဘူး၊´
'ဧည့်သည့်ကိုအိမ်ထဲမခေါ်ဘူးလား´
မျက်စောင်းထိုးကာတိုက်ပေါ်တက်သွားသည်၊
မိုးသစ်တောဆိုတဲ့ကောင်ငယ်လေးကြောင့်မိမိမှာအပူတွေမရှိတော့သလိုပင်
နောက်နေ့ရောက်သော်
'ကိုနေသူရိန်ဘာကိစ္စများရှိလို့လဲခင်ဗျ´
'ဟိုလေ၊ရှားလော့ကျွန်တော်ချစ်သူဖြစ်ပေးပါလားခင်ဗျ´
ဘေးနားကဖြတ်သွားတဲ့လူများပင်လှည့်ကြည့်ကုန်သည်
'ကိုနေသူရိန်အချိန်ရလားဟင်´
'ဟုတ်ရပါတယ်´
'နောက်၄၅မိနစ်နေရင်ရှားလော့အလုပ်သိမ်းပြီးပြီလေ၊အဲ့တာကြောင့်ခဏလောက်များစောင့်ပေးပါလား၊စကားကထင်ထားတာထက်ပိုရှည်မှာမို့ပါ´
'ဟုတ်ရပါတယ်ခင်ဗျ´
'ကျေးဇူးပါအကို´
၄၅မိနစ်ကြာပြီးသောအခါ
'နားနဲ့မနာ၊ဖဝါးနဲ့သာနာပါတော့အကို၊ရှားလော့အကိုအချစ်ကိုလက်ခံဖို့မဖြစ်ပါဘူး´
'ဘာလို့လဲခင်ဗျ၊ဖြစ်နိုင်ရင်မငြင်းပါနဲ့ဗျာ၊ကျွန်တော်အတွက်အရေးကြီးလို့ပါ´
'ဘာလို့လဲဆိုတော့အကိုအဒေါ်ကိုရှားလော့ချစ်နေမိလို့ပါ´
'ဗျာ!´
'ဆောရီးပါ၊အကို၊ရှားလော့ကလေအကိုအဒေါ်ကိုသဘောကျနေတာပါ´
တိတ်ဆိတ်သွားသည့်အခါနှစ်ယောက်သားနေရခက်ကုန်သည်
'အကိုကိုရှားလော့accအပ်ပြီးနောက်ပိုင်းအကိုကိုရှားလော့အန်တီအကြောင်းပဲမေးနေခဲ့တာ၊အကိုရှားလော့ကိုသတိထားမိမယ်လို့ထင်တာ´
'သြော်၊အဲ့တာကြောင့်ကို´
'ဟုတ်...´
ထပ်မံတိတ်ဆိတ်သွားပြန်တော့
'အကိုတခုခုသောက်ပါလား၊ရှားလော့တိုက်ပါ့မယ်၊´
'ရပါတယ်ခင်ဗျ´
'အကိုချစ်သူဖြစ်ဖို့ဘာလို့အဲ့သလောက်တောင်အရေးကြီးနေရတာလဲဟင်´
'ဒီတိုင်းပါပဲခင်ဗျ´
'ဟုတ်၊ရှားလော့အကိုချစ်သူဖြစ်ပေးပါ့မယ်၊ဒါပေ့မဲ့ရှားလော့ကိုအန်တီနဲ့နီးစပ်အောင်လုပ်ပေးရမယ်၊´
'ဘယ်လို´
'အကိုချစ်သူအနေနဲ့ရှားလော့နေပေးမယ်၊ဒါပေ့မဲ့တချိန်တည်းမှာပဲအကိုရှားလော့ကိုအန်တီနဲ့အောင်သွယ်ပေးရမယ်´
'ဘာလိူ့အဲ့လိုပြောတာလဲ´
'အကိုကရှားလော့ကိုချစ်လို့မှဟုတ်တာ၊အကိုမျက်လုံးတွေသိရင်သိသာပါတယ်၊၊အကိုပြောပြလို့မရတဲ့အကြောင်းအရင်းတခုခုကြောင့်သာရှားလော့ကိုချစ်သူဖြစ်ခွင့်တောင်းနေတာလေဟုတ်ဘူးလား´
'ဒီလိုမျိုးနားလည်ပေးတဲ့အတွက်ရှားလော့ကိုအကိုကျေးဇူးတင်ပါတယ်၊ရှားလော့ပြောတာကိုအကိုလက်ခံပါတယ်၊´
ထိုသို့ဖြင့်ရှားလော့အသံဖြင့်ချစ်ပါသည်ဟုပြောထားသည့်အသံဖိုင်ကိုဒေါ်မာန်သွေးခက်ဆီပြန်ပြရသည်၊
'အဲ့တော့နင်တို့ကတကယ်အတည်ဖြစ်သွားပြီပေါ့´
'တီလေးပဲအတည်ဖြစ်အောင်လုပ်ခိုင်းတာမဟုတ်ဘူးလား´
'သြော်အေး´
'တီလေးမျက်နှာကဘာလို့မှုန်သုန်နေတာလဲ´
'ငါကိစ္စနဲ့ငါဟာ၊သွားတော့၊ဒါနဲ့နင်ကောင်မလေးကိုရုံးခေါ်လာခဲ့ဦး၊ငါမယုံသေးဘူး´
'သဘော၊အခုခေါ်ပြမယ်´
နေသူရိန်ဖုန်းကိုထုတ်ကာ
'ဟယ်လို၊ရှားလော့လေးလား´
'ဟုတ်ပါတယ်ရှင်၊ကိုဘာဖြစ်လို့လဲဟင်´
'ဒီမှာတီလေးကကိုယ်တို့နှစ်ယောင်ကိုမယုံဘူးဖြစ်နေတယ်လေ၊အဲ့တာမနက်ဖြန်ရှားလော့လေးအလုပ်မသွားခင်ကိုယ့်ဆီဝင်ခဲ့ပါလားကွာ´
'ရတာပေါ့ကိုရယ်၊´
'ထားပါ၊ကိုပဲလာခေါ်လိုက်မယ်နော်၊´
'ဟုတ်၊ကို၊ရှားလော့စောင့်နေမယ်နော်´
'အိုကေ၊ကလေးလေး´
ကလေးလေးဟုခေါ်လိုက်သည်ကိုတီလေးကမိက်စောင်းကြီးထိုးကာအစိမ်းလိုက်ဝါးစားတော့မလိုကြည့်နေသည်
ဖုန်းချသွားသည့်နှင့်မိမိကိုစကားပင်မပြောပဲရုံးခန်းထဲကထွက်လာသည်
ဆိုင်သိမ်းကာအိမ်ပြန်လာတဲ့မိခင်များကိုဝိုင်းဝန်းကူသယ်ကာမိခင်နှစ်ဦးအားအမောဖြေစေသည်၊
'မာမီတို့မောနေရောပေါ့၊ရတုရုံးဆင်းရင်းအသီးတွေတွေ့လို့ဝယ်လာတယ်လှီးထားပြီးပြီ၊သွားယူပေးမယ်နော်´
'အေးအေးသမီး´
ရှားလော့တို့တော့ဂရေစ့်ကိုအတင်းဖက်ကာ
နှုတ်ခမ်းလေးဆူကာချွဲပါတော့သည်
'မာမီ၊ပင်ပန်းနေပြီလား´
'မပင်ပန်းပါဘူးသမီးရယ်၊သမီးလေးတို့မျက်နှာကမာမီကိုအ​ေပြေစေပါတယ်´
'မာမားကိုကျမမေးဘူးပေါ့ဟုတ်လား၊´
'ဟုတ်ပါဘူး၊မားမားရယ်၊မားမားရယ်၊ဘာသောက်မလဲ၊သမီးအခုသွားယူပေးမယ်´
'ငလည်မလေး´
နှာခေါင်းလေးကိုညစ်ကာဆွဲလိုက်ပြီးသမီးဖြစ်သူကိုရွှေရုပ်လွှာကြည်စယ်နေသည်၊
ထိုအချိန်ဂရေစ့်ထံဖုန်းဝင်လာတော့
'သမီးခဏလောက်ဖယ်ဦး၊မာမီဖုန်းသွားပြောရဦးမယ်´
ရွှေရုပ်လွှာသံသယမကင်းဖြစ်လာသည်၊
ဂရေစ့်ဖုန်းပြောနေသည့်နေရာကိုတိတ်တဆိတ်နားထောင်ရာ
'ဟယ်လို၊ပြော၊မိပြီလား၊စစ်သာမေးထားလိုက်မနက်ဖြန်ကျကျွန်မလာခဲ့မယ်၊ကျေးဇူးပါ´
ရွှေရုပ်လွှာချက်ချင်းပြန်ထွက်လာကာနေရာမှာပြန်ထိုင်နေလိုက်သည်၊
ဘာမှမသိသလို​သာနေလိုက်သည်၊
နောက်နေ့မနက်ရောက်သော်ဘတ်စ်ကားမှတ်တိုင်မှာရှားလော့စောင့်နေပြီးခဏအကြာနေသူရိန်ကားနှင့်ရောက်လာသည်၊
ကားပေါ်မှာပြောရမယ့်အကြောင်းအရာများကိုအကွက်ချကာ
ကစားပွဲကိုစလိုက်သည်၊
ရုံးထဲဝင်လာသည်နှင့်လူတိုင်းကဝိုင်းကြည့်ကြသည်
ခဏအကြာဒေါ်မာန်သွေးခက်ရောက်လာသည်၊
အရှိန်အဝါအပြည့်နဲ့သူမကိုငေးကြည်ရုံမှတပါးမတတ်နိုင်
'ရောက်နေကြပြီကို၊လာရုံးခန်းထဲပဲလိုက်ခဲ့ကြ´
'ဟုတ်တီလေး၊ရှားလော့လာ´
မိမိတိူ့လက်တွဲထားတာကိုဝါးစားမတက်ကြည့်နေတဲ့တီလေးကိုသတိထားမိပါသည်၊
ရုံးခန်းထဲရောက်တော့
'နေသူရိန်သွား၊အသေးလေးအတွက်bubble tea´
'ဟုတ်သားပဲ၊ရှားလော့လေးအတွက်´
'ဟာ၊ကိုကတော်လိုက်တာ၊´
bubble teaရလို့နေသူရိန်ကိုပြုံးကြည့်နေတဲ့ကလေးမကိုပြုံးကာကြည့်နေမိသည်၊
'ကဲ၊သွားသူရိန်၊မနေ့ကမပြီးသေးတဲ့ဖိုင်တွေသွားယူ၊´
'ဟုတ်တီလေး၊´
နှစ်ယောက်တည်းကျန်ခဲ့တော့အသေးလေးကဘေးဘီလျှောက်ကြည့်ကာbubble teaကိုတမြုံမြုံသောက်နေသည်
'သူရိန်ကမင်းကိုဘယ်လိုဖွင့်ပြောတာလဲ´
'ချစ်သူဖြစ်ပါရစေတဲ့၊ကိုကရိုးရိုးကလေးပဲပြောတာပါ´
'အဲ့တာနဲ့ပဲလက်ခံတယ်ပေါ့´
'အချစ်ကဆန်းကြယ်တယ်လေ၊မထင်မှတ်ထားတဲ့အချိန်ကိုမထင်ထားတဲ့လူကိုချစ်တတ်မိမှာပဲလေနော်၊´
'အင်း´
'အန်တီအချစ်ကိုယုံလား´
'အချစ်ကိုယုံတယ်´
'ဘယ်လိုယုံတာလဲဟင်´
'လူတစ်ယောက်ကိုပျောညံ့စေတဲ့အရာလို့ယုံထားတယ်´
'အချစ်ကအဲ့လိုဟုတ်ပါဘူးအန်တီရဲ့၊အချစ်ကသိမ်မွေ့စေရုံပါပဲ´
ဟုတ်တာပေါ့၊ဒီကလေးမမျက်နှာမြင်တိုင်းအရာအားလုံးကိုမေ့ပြီးလူဟာခက်ထန်မှုတွေကင်းမဲ့သွားသလိုပင်
ဂရေစ့်အောင်ခိုင်အိမ်ကထွက်သွားသည်နှင့်ရွှေရုပ်လွှာနောက်ကလိုက်သွားသည်၊
မြို့ပြင်အကျော်ကဂိုထောင်ကြီးထဲကိုဂရေစ့်ဝင်သွားတော့ရွှေရုပ်လွှာထင်ထားတာပိုမိုသေချာသွားသည်၊
ဂိုထောင်ထဲတိတ်တဆိတ်ဖွင့်ထားသည့်နောက်ကတံခါးကနေဝင်လာလိုက်သည်၊
ဦးအောင်ခိုင်ရဲ့လူတွေနဲ့စကားပြောနေသည့်ကလေးမကိုမြင်တော့ဒေါသပိုဖြစ်မိသည်၊
'သိပ်ကိုသတ္တိတွေသိပ်ရှိနေတယ်ပေါ့၊ဂရေစ့်အောင်ခိုင်´
ဂရေစ့်ချက်ချင်းနောက်ကိုလှည့်ကြည့်လိုက်ရာ
'လူဆိုးမကြီးသိပ်ဖြစ်နေတယ်ပေါ့၊ကလေးမ၊ထောင်ထဲဝင်မလားဟမ်!´
ရွှေရုပ်လွှာရဲ့အသံဟာဂိုထောင်ထဲဟိန်းထွက်သွားသည်၊
ဂရေစ့်အောင်ခိုင်ရွှေရုပ်လွှာရဲ့အသံကြောင့်တုန်တက်သွားသည်

တစ်လမ်းကျော်မှာအချစ်ရှိတယ်(s 2)တစ်လမ်းကျော်မှာအချစ်ရှိတယ်(s2)completedWhere stories live. Discover now