အခန်း၄

15.5K 589 28
                                    

(unicode)

မနက် ၄နာရီစွန်းစွန်းသာ ရှိသေးသည်။ ချစ်ကြိုးတို့အိမ်မှာ အကုန်လုံးစုဝေးလျက်စကားပြောနေကြသည်။ နေဝန်းရဲ့ အမေနဲ့ အစ်မမှာလည်း အိပ်မှုံစုံဖွားနဲ့ထလာကာ ဒီရောက်မှ အကုန် နားလည်သွားကြသည်။

''ကျွန်မတို့ဘက်က မိသားဖသားပီပီတောင်းရမ်းပေးမှာပါရှင်... ''

''ဟို..ကိုကြီးနဲ့သမီးကလေ...အမှန်တော့''

''ချစ်ကြိုး...မင်းတိတ်တိတ်နေစမ်းပါ''

လူကြီးတွေထင်ရာပြောပြီး အထင်မှားကာ နားဖောက်ပေးစားကြဖို့ စကားကြောင်းကြသည်။ချစ်ကြိုးဘက်က စကားဟမယ်ကြံတိုင်း ကိုကြီးက ရှေ့က ပိတ်သည်။ ဘာမှမဆိုင်ဘူးဆိုတာ အသိကို ဘာလို့အပြောမခံလဲ ချစ်ကြိုးလည်းနားမလည်တော့ပေ။

''အခုချိန်မှ ကျွန်မတို့ဘက်ကလည်း ဘာမှပြောစရာမရှိတော့ပါဘူး....''

''ပြောစရာမရှိဘူးတော့ မလုပ်ပါနဲ့ရှင်...တစ်ရွာတည်းသားချင်းတွေဘဲ..မသက်တို့ဘက်က မင်္ဂလာကိစ္စကို ဘယ်လိုဘယ်ပုံစီစဥ်ချင်လဲတာပြောပါ...ကျွန်မတို့သားရှင်ဘက်က အကုန်လုပ်ပေးမှာပါ၊ ခမ်းခမ်းနားနားကို မင်္ဂလာဆောင်ပေးမှာပါ''

''အေးဗျာ...ကိုကောင်းကြွယ်တို့ဘက်က သမီးလေးကို စိတ်ဆိုးမှာပေမဲ့ ဗွေမယူကြပါနဲ့၊ကိုယ်တွေလည်း ငယ်ရာကကြီးလာကြတာမို့ အခု လိုဖြစ်သွားပေမဲ့ စိတ်လျှော့လိုက်ပါ''

နေဝန်းရဲ့ ဦးလေးက ဝင်ဖြောင်းဖျသည်။ ဒီဘက်က မင်္ဂလာလမ်းကြောင်းနေပေမဲ့ ချစ်ကြိုးရဲ့မိဘတွေက စိတ်မကောင်းဖြစ်ကြကာ မျက်နှာတွေကသိပ်မသာယာကြ။ငယ်ရွယ်တဲ့သမီးလေးကိုနှမျှောတာလည်းပါတာပေါ့။

ဦးကောင်းကြွယ်မှာ သဘောမတူလို့ မျက်နှာကြီးမှုန်နေတာတော့မဟုတ်ပါ။ အသိုင်းအဝိုင်း၊ရုပ်ရည်ဘာမှပြောစရာမလိုတဲ့ ကောင်လေးနဲ့မို့ ငြင်းစရာမရှိပေမဲ့ လူတွေအများကြီးရှေ့မှာ သမီးနဲ့ထိုကောင်လေးဖက်အိပ်နေတဲ့ မြင်ကွင်းကြောင့် အခုချိန်ထိ ရင်ထဲမှာ ယူကျုံးမရဘဲ ဖခင်တစ်ယောက်အနေနဲ့ မျက်နှာပူရသည်။ မိဘမျက်စိရှေ့တင် ခလေးလေးသဖွယ် နေလာတဲ့ သမီးလေးမို့ ဒီလိုလုပ်လိမ့်မယ်လို့ထင်ကို မထင်တာဖြစ်သည်။

ညွှန်း၍မမှီ ချစ်ပုံပြင်(complete)Where stories live. Discover now