P (09)

169 15 3
                                    

Successive Live

Part (09)

မသွားချင်သွားချင်နဲ့ သွားရပေမယ့် ဦးငယ်ရဲ့ အဆင်မပြေရင် တစ်နှစ်လုံးနားခွင့် ပေးမယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် မြင့်မိုရ် ကျောင်းပြန်တက်ဖို့ ဖြစ်လာခဲ့ ပါတယ်။ ကျောင်းအသစ်ကို ပြောင်းတော့ အဆောင်အထိ ဦးငယ်လိုက်ပို့ပေးပါတယ်။ အဆောင်အသစ်ကို မဝင်ခင်မှာပဲ အဝမှာတင်  မြင့်မိုရ် ထပ်ပြီး ဦးငယ်ကို သတိပေးလိုက်မိပြန်တယ်။

“ဦးငယ် သားအဆင်မပြေရင် လုံးဝမတက်ဘူးနော်။ ပြောပြီးသား။”

“အေးပါ သားရယ်။ မင်းကျောင်းတက်လိုက်ရင် အချိန်က ကုစား ပေးသွားမှာပါကွာ။”

“မဖြစ်နိုင်တာ ဦးငယ်ရယ်။ သားကတော့ အဆင်ပြေမယ်မယ် မထင်ပါဘူး။”

“သား အတက်နိုင်ဆုံး ကြိုးစားကြည့်ပါဦးကွာ။ နော်…..။ နောက်မှ သားတစ်ခုခု အဆင်မပြေရင် ဦးငယ် သားကို တာဝန်ယူတယ်။ သား စိတ်တိုင်းကျ ဖြစ်စေရမယ်။ ဟုတ်ပြီလား။”

“ဟုတ်ကဲ့ပါ။”

သူတို့ အဆောင်ထဲကို ဝင်လိုက်တဲ့ အချိန်မှာပဲ အဆောင်ထဲကနေ ထွက်လာတဲ့ လူတစ်ယောက်နဲ့ ခေါင်းကိုငုံ့ကာ လျှောက်လာတဲ့ မြင့်မိုရ်ထက် တို့ ပုခုံးချင်း တိုက်မိသွားတဲ့ အချိန်မှာတော့

“ဟာ………။”

“အ့ …………။”

စက္ကန့်တစ်ချို့က ကမ္ဘာလောကကြီးကို ရပ်တန့်ပစ်လိုက်တာလား မသိ။ ပုခုံးကို လာတိုက်မိလိုက်တာ ဖြေးဖြေးလေး ဆိုပေမယ့် လူတစ်ကိုယ်လုံးက လျှပ်စစ် ဓါတ်တို့စီးကူးသွားသလို ကျင်တက်သွားခဲ့ရတာမို့ မြင့်မိုရ် မော့ကြည့်လိုက်တော့ ခပ်သန့်သန့် အစ်ကိုကြီး တစ်ယောက်။ သူကလည်း မြင့်မိုရ်ကို ငေးကြောင်ကာ ကြည့်နေပါတယ်။ မျက်လုံးထဲမှာ ဘာမှန်းမသိတဲ့ ပုံရိပ်တစ်ချို့ ဖျတ်ခနဲ ဖျတ်ခနဲ။ အဲဒါတွေကို မြင့်မိုရ် မခံစား မတွေးတောအား။ ဒီအစ်ကိုကြီးကို ကြည့်နေရတဲ့ ခံစားချက်က ဘာမှန်းကိုမသိပဲ လွမ်းဆွတ်ကာ ငိုချင်လာသလိုကြီး။

“သား အဆင်ပြေရဲ့လား ဘာဖြစ်သွားလို့လဲ။”

“…………”

Successive Life (Remixed)Where stories live. Discover now