part.32(uni&zawgyi)

2.3K 90 12
                                    

💜​စေတန်​ရဲ့သတို့သမီး💜

         အပိုင်း(၃၂)
         💙💙💙💙

"ကိုယ်​မသိ​တော့ဘူး...မင်းကိုမှ..ဘာလို့..ဒီ​လောက်​
စွဲလမ်းသွားရတာလဲဆိုတာ..ကိုယ်​မသိဘူး..​သေချာတာ
တစ်​ခုက..ကိုယ့်အနားမှာ..မင်းရှိ​နေမှဖြစ်​မယ်​..
အသင်​..."

ခံစားချက်​တစ်​မျိုးနှင့်..အက်​ရှ​နေတဲ့..သူ့စကားသံ
အဆုံး..အသင့်..နူတ်​ခမ်း​လေး​တွေပြုံးသွားရကာ..
သူ့​ကျောပြင်​ကျယ်​ကို..ဖွဖွပြန်​ဖက်​ထားမိရင်း..၊

"အသင်​လဲ..ရှင့်အနားမှာပဲရှိ​နေချင်​တာပါ..​နေ..."

အသင်​....ထိုစကားကို​​တော့ စိတ်​ထဲက​နေ​သာ
​ရေရွတ်​လိုက်​မိခြင်းသာဖြစ်​​လေ​တော့၏။

~~~~~~~~~~~~💛💛💛

ဒီ​နေ..အသင်​..ခွင့်ယူထားတာ..တစ်​ပါတ်​ပြည့်ပြီမို့
ရုံးပြန်​ဆင်းလာခဲ့သည်​။ရုံးထဲကိုလှမ်းဝင်​လာလာချင်း
လူရှင်း​နေတာကို..အရင်​သတိထားလိုက်​မိသည်​။

"ငါပဲ..အ​စောကြီး​ရောက်​​နေတာလား.."

ကိုယ့်အ​တွေးနဲ့ကိုယ်​..ဓာတ်​​လှေကားနှင့်အ​ပေါ်သို့
တက်​လာခဲ့သည်​။ရုံးခန်းတံခါးကိုဆွဲအဖွင့်...

" ဝဲလ်​ကမ်း !!...."

"ရူး..."

"​ဟေး..."

အားလုံးရဲ့..​ဝမ်းသာအားရ​အော်​ဟစ်​သံ​တွေနှင့်
အတူ...ပါတီပွဲသုံး..ကြိုး​လေး​တွေက..အသင့်
ကိုယ်​​ပေါ်မှာ..​ပေကျံကုန်​သည်​။

"ဒါ....ဒါက..."

အယ်​ဒီတာနှင့်...ကြည်​နူးအပါအဝင်​...အသင့်ကို
ကြိုဆို​နေကြတဲ့..ဂျာနယ်​တိုက်​ရဲ့ဝန်​ထမ်း​တွေ၊

"အလုပ်​ပြန်​ဆင်းတာကို....ကြိုဆိုပါတယ်​..အသင်​
​နေ​​ကောင်းသွားပြီမဟုတ်​လား.."

"ဟုတ်​ကဲ့..မမ..."

ကြည်​နူးက..အသင့်နားကို​လျောက်​လာရင်း..
အသင့်​ခေါင်း​ပေါ်ကကြိုး​လေး​တွေကို..ဖယ်​​ပေးသည်​။

"ငါတို့က..နင့်ကို..surpriseလုပ်​ဖို့..​စောင့်​နေတာ..."

ကြည်နူးစကား​ကြောင့်..အသင်​အားလုံးကို​ဝေ့ကြည့်
လိုက်​ကာ..

စေတန်ရဲ့သတို့သမီးWhere stories live. Discover now