အချစ်ဦးလေးခင်

604 40 5
                                    

2016-17 အဲ့ချိန်တုန်းကကျွန်မကရှစ်တန်းကျောင်းသူလေး...

" သမီးငယ် ထတော့ ဒီနေ့ကျောင်းမှာအသင်းရှိတယ်မဟုတ်လား ထ ထ "

ကျွန်မအခန်းထဲတတွတ်တွတ်ပြောပြီးကျွန်မအခန်းပြတင်းပေါက်ကိုဖွင့်ကျွန်မစောင်ကိုဆွဲအတင်းလှုပ်နှိုးနေတဲ့ကျွန်မမေမေဒေါ်ထွေးထွေးသင်ပါ။

ကျောင်းရဲ့စစဖွင့်ချင်း Monday မှာကိုကျွန်မရဲ့အသင်းပါပဲ။

" ဒီနေ့ကိုမုန်းလိုက်တာတကယ်ပါပဲ "

" သွား မျက်နှာအမြန်သွားသစ်တော့ "

ကျွန်မလည်းအိပ်ချင်မူးတူးနဲ့ကုန်းရုန်းထကာကျွန်မအခန်းထဲကထွက်ခဲ့ပြီးရေချိုးခန်းထဲဝင်မျက်နှာသွားသစ်လိုက်တယ်။ပြီးတာနဲ့ကျောင်းစိမ်းလဲလိုက်ပြီးထမင်းစားခန်းဘက်ကိုကျွန်မထွက်ခဲ့လိုက်တယ်။ဖေဖေနဲ့မေမေကစားပွဲမှာအသင့်ထိုင်စောင့်နှင့်နေကြပြီ။

" ဖေဖေ့သမီးလေး morning ပါဗျာ "

ဖေဖေကကျွန်မကိုလှည့်ကြည့်ရင်းနဲ့ဆိုလိုက်တယ်။

" morning ပါဖေဖေ "

" မြန်မြန်စား 7 ခွဲတော့မယ် "

" အော် ထွေးရေ ကလေးကို ထားလိုက်ပါ အေးဆေးစားပါစေ ဖြည်းဖြည်းစားသမီး တခါတလေအသင်းနောက်ကျတာပဲကိုဘာဖြစ်မှာမို့လဲ "

ကျွန်မကတစ်ဦးတည်းသောသမီးလေးဆိုတော့ဖေဖေကသိပ်အလိုလိုက်တဲ့လူပေါ့ဗျာ။ကျွန်မကိုဆိုဖေဖေကယောင်လို့တောင်မဆူဖူးပါဘူး။တနည်းအားဖြင့်ကျွန်မကဖေ့ချစ်သမီးလေးလို့ဆိုလို့ရတာပေါ့။

" ကိုမောင်တင် ရှင်ကတော့နော် သမီးကိုအမြဲအဲ့လိုလုပ်နေ ကျောင်းစည်းကမ်းကကျောင်းစည်းကမ်းပဲ ဆရာနဲ့ကျောင်းသူတွေဆိုတာကျောင်းစည်းကမ်းတွေကိုတသွေမသိမ်းလိုက်နာရမှာပဲ အချိန်ကိုလေးစားရမယ် ဒါမှအနာဂါတ်မှာတော်တဲ့ထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာမှာ "

ကျွန်မမေမေကဒီလိုတတွတ်တွတ်နဲ့စည်းကမ်းနဲနဲကြီးတဲ့ထဲပါပဲ။ဘာလို့လဲဆိုကျွန်မမေမေကိုယ်တိုင်ကကျောင်းဆရာမဖြစ်နေလို့ပါပဲ။ကျွန်မတို့ကျောင်းရဲ့သိပ်စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီးပေါ့။

အချစ်ဦးလေးခင်🍂( One Shot )Where stories live. Discover now