part.33(uni&zawgyi)

2K 82 4
                                    

💜​စေတန်​ရဲ့သတို့သမီး💜

      အပိုင်း(၃၃)
      💜💜💜💜

ကားရပ်​ထားတဲ့..​နေရာကို​ပြန်​​ရောက်​​ချိန်​မှာ....​နေ..
ဇ,အသင့်ဖွင့်​ပေးထားတဲ့ကားထဲ..သူမကိုထည့်လိုက်​​တော့..။

"ဟင်း...အိမ်​မပြန်​ချင်​ဘူး..."

သူမက​နေ့ကို..အတင်းတွန်းရင်း..ကားထဲကပြန်​ထွက်​
သည်​။​နေ..သူမလက်​ကောက်​ဝတ်​နှစ်​ဖက်​ကို...
ချုပ်​ကိုင်​လိုက်​ရင်း...၊

"ဘယ်​ကိုအိမ်​မပြန်​ချင်​တာလဲ...မိုးဒီ​လောက်​ချုပ်​
​နေတာကို..ကားထဲဝင်​.."

​နေ..နဂိုထဲကမရှည်​တတ်​တဲ့စိတ်​ကိုဆွဲဆန့်ထားကာ
​ပြောလိုက်​​တော့..မချိုမချဉ်​မျက်​နှာ​လေးနှင့်...
အမူးသမားသူမက...၊

"ကားထဲဝင်​ရမှာလား..​ကောင်းပြီ​လေ...အသင့်ကို
ချစ်​တယ်​လို့..အကျယ်​ကြီး..၃ခါ​အော်​​ပြောရင်​..
ကားထဲဝင်​မယ်​..."

"ဘာရယ်​..."

​နေ..အံ့ဩသလို ဖြစ်​သွားတာကို..သူမကတဟင်းဟင်း
ရယ်​ရင်း..​နေ့လက်​​တွေထဲကရုန်းထွက်​လိုက်​သည်​။

"မ​ပြောနိုင်​ဘူးမဟုတ်​လား.ရှင့်ရဲ့အဲ့ဒီဆွဲ​ဆောင်​မူ့
ရှိတဲ့နူတ်​ခမ်း​တွေက​လေ..ကျန်​တာပဲတတ်​တာ..
ချစ်​တယ်​​ပြောဖို့ကျမတတ်​ဘူး..."

စိတ်​ပျက်​သလို​လေး​ပြောရင်း..​နေ့ရင်​ဘတ်​ကို
တွန်းလိုက်​ကာ...၊

"ရှင်​မ​ပြောရင်​..အသင်​လဲ..ရှင်​နဲ့ကားတူတူလိုက်​
မစီးဘူး..."

​ပြောရင်း..သူမကလှည့်ထွက်​လိုက်​​တော့..​နေသူမ
လက်​​မောင်းတစ်​ဖက်​ကိုလှမ်းဆွဲလိုက်​ပြီး..သူမကို
​ပွေ့ချီလိုက်​သည်​။

"အိမ်​မပြန်​ပါဘူးဆို..လွှတ်​...လွှတ်​.."

​နေ..သူမကိုလူပ်​မရ​အောင်​ချုပ်​ကိုင်​ကာ..ကားထဲ
ထည့်လိုက်​ရင်း...၊

"​မောင်း​တော့..ဇ,....."

​နေ့ရဲ့..အမိန့်ဆုံးသည်​နှင့်..ကား​လေးက​မောင်း
ထွက်​လာခဲ့​​တော့သည်​။

ကားထဲ​ရောက်​​ရောက်​ချင်းရုန်းကန်​​နေ​သေးတဲ့
သူမက....ခဏ​နေ​တော့
​နေ့ရင်​ခွင်​ထဲမှာ..​ခေါင်းမှီကျကာ..ငြိမ်​သက်​သွားသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now