Part-40(Completed)

1.6K 38 2
                                    

                 အဂ္ဂ  သူ့ရှေ့တွင်မြင်နေရသော သွေးအိုင်ထဲရှိ လွန်းခန္ဓာကိုယ်လေးအား အမြန်ပြေးပွေ့သည်။မိဘများကိုဆုံးရှုံးပြီးပြီဖြစ်၍ လွန်းအား နောက်တစ်ခါထပ်ပြီးမဆုံးရှုံးချင်ပါ။လွန်းအပြုံးလေးအား မြင်ချင်သည်။လွန်းအသံလေးအားကြားချင်သည်။နောက်ဆုံး လွန်းမရှိလျှင် သူပါ‌အသက်ရှင်နိုင်တော့မည်မဟုတ်။


                 သူမြင်နေရသည်က ပကတိငြိမ်သက်နေသော လွန်း၏ခန္ဓာကိုယ်လေးသည် သွေးအိုင်ထဲတွင်လဲလျောင်းနေ၏။ထိုမြင်ကွင်းသည် သူ့ရင်ဘတ်တစ်ခုလုံးအား စုတ်ပြတ်သတ်သွားစေသည်အထိ၊အိမ်မက်ဆိုးတစ်ခုသာလျှင်ဖြစ်စေချင်သည်အထိ သူ့အားကြောက်လန့်စေသည်။


                  အနီးအနားမှလူများကဆေးရုံကားချက်ချင်းခေါ်ပေးကြသည်။ဆေးရုံကားရောက်လာသည့်အခါ လွန်း၏ကိုယ်လေးကိုပွေ့ပြီး ကားပေါ်အမြန်တင်ရသည်။ထို့နောက် သုတထံဖုန်းဆက်ရ၏။

“သုတ! လွန်း...ငါ့ရဲ့လွန်း”


“........”


“လွန်းကအခု သေမလား၊ရှင်မလားတောင်မသိတဲ့အခြေအနေမှာ၊ခေတ်ဟန်ကိုဆေးရုံကိုလွှတ်လိုက်၊မင်းနဲ့မဟာက ငါပို့တဲ့ကားနံပါတ်ရဲ့ပိုင်ရှင်ကိုရအောင်ရှာပြီး ငါ့ဆီခေါ်လာခဲ့၊ကြားလား...”


“.......”


                 အဂ္ဂအား လူတစ်ယောက်က ဆေးရုံသို့မသွားမီ လွန်းအားတိုက်သွားသော ကား၏နံပါတ်အား ဓာတ်ပုံရိုက်ထားကြောင်းပြောပြီး၊ထိုကားနံပါတ်အားပေးခဲ့ခြင်းဖြစ်သည်။ဦးကျော်စွာတို့နှစ်ယောက်မှလွဲ၍ ဒီကိစ္စကိုကြံစည်မည့်သူမရှိပေ။သူတို့ကိုယ်တိုင်မဟုတ်ရင်တောင် အငှားလူနှင့် လုပ်ကြံခိုင်းခြင်းဖြစ်လိမ့်မည်။အဂ္ဂ အံကိုတင်းတင်းကြိတ်လိုက်သည်။

                 လွန်းသာရှိတော့သော သူ့ဘ၀တွင် လွန်းကိုပါထပ်ဆုံးရှုံးရပါမည်ဆိုလျှင်.....။မဟုတ်သောအတွေးများမတွေးမိစေရန် ခေါင်းကိုခပ်ကြမ်းကြမ်းခါပစ်ရ၏။အဂ္ဂသည် လွန်း၏လက်ကလေးအားဆုပ်ကိုင်လိုက်ရင်း မျက်ရည်များကြားမှ လွန်းမကြားနိုင်မှန်းသိလျက်နှင့်စကားများစွာပြောနေမိသည်။

You've reached the end of published parts.

⏰ Last updated: Mar 19, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းတည်စေWhere stories live. Discover now