part.34(uni&zawgyi)

2.1K 94 7
                                    

💜​စေတန်​ရဲ့သတို့သမီး💜

        အပိုင်း(၃၄)
        💜💜💜💜

"အား..ကျွတ်​..ကျွတ်​..."

​ခေါင်းထဲကမကြည်​မလင်​နဲ့..မနက်​ခင်းမှာ..အသင်​
နိုးထလာခဲ့ချိန်​လေးလံတဲ့မျက်​ခွံ​တွေကိုအားယူပြီး
ဖွင့်ကြည့်​တော့..အခန်းထဲကအိပ်​ရာထက်​မှာရှိ​နေမှန်း
သိလိုက်​သည်​။

"ဒါ.ငါ့အခန်းပဲ..ငါဘယ်​လိုလုပ်​အိမ်​ပြန်​​ရောက်​လာတာလဲ"

​ဖျပ်​ခနဲဝင်​သွားတဲ့..အ​တွေးနဲ့အတူ..​ခေါင်းထဲမှာ
အစီအရီ​ပေါ်လာတဲ့ပုံရိပ်​​တွေ..

"အိုပါး..."

"ကားထဲဝင်​ရမှာလား..ရတယ်​​လေ..အသင့်ကို
ချစ်​တယ်​လို့..အကျယ်​ကြီး..၃ခါ​အော်​​ပြောရင်​..
ကားထဲဝင်​မယ်​...."

"ရှင့်ရဲ့ဆွဲ​ဆောင်​မူ့ရှိတဲ့..နူတ်​ခမ်း​တွေက​လေ..
ကျန်​တာကျတတ်​တယ်​..ချစ်​တယ်​​ပြောဖို့ကျ
မတတ်​ဘူး...."

"အိမ်​မပြန်​ချင်​ဘူး..လွှတ်​..လွှတ်​..."

အာရုံထဲမှာ..အစီအရီ​ပေါ်လာတဲ့ပုံရိပ်​​တွေ​ကြောင့်
အသင်​..​အောက်​နူတ်​ခမ်းကို သွားနှင့်ဖွဖွဖိကိုက်​
ထားလိုက်​မိသည်​။

"​သေစမ်း...ငါဘာလို့အဲ့​လောက်​​တောင်​မူးသွားတာလဲ
ငါ့ကို..အိမ်​အထိသူပြန်​​ခေါ်လာခဲ့တာ​ပေါ့..သွားပါပြီ
ငါ​တော့အဆူခံရ​တော့မယ်​ထင်​တယ်​..."

အသင်​..အ​တွေးနဲ့ငိုချင်​သွားရသည်​။မတတ်​နိုင်​ဘူး...
ကိုယ်​ကအပြစ်​ရှိထား​တော့လဲ..ဆူရင်လဲ​ခံရမှာပဲ...၊

"ဘုရားသိကြားမလို့...​မောင်​မင်းကြီးသားစိတ်​
​ကောင်းဝင်​ပြီး..ဆူဖို့..​မေ့​နေပါ​စေ....."

လက်​ဖဝါး​လေးနှစ်​ဖက်​ကိုပွတ်​ကာ..​ကြောင်​​တောင်​​တောင်​
ဆု​တောင်းလိုက်​မိပြန်​တာက သူ့အ​ကြောင်းကို
​ကောင်း​ကောင်းသိ​နေတာ​ကြောင့်.....၊

"​ခေါင်းကလဲအရမ်းကိုမူး​နေတာပဲ..​ရေစိမ်​မှဖြစ်​မယ်​...."

အ​တွေးနဲ့အသင်​ မူး​နောက်​ရီ​ဝေ​နေတဲ့ဦး​ခေါင်းကို
လက်​ဖ​နောင့်နှင့်ဖိထားရင်း​က အိပ်​ရာ​ပေါ်ကဆင်းလာလျက်​
​ရေချိုးခန်းရှိရာသို့တစ်​လှမ်းချင်း​လျှောက်​လှမ်းလာခဲ့မိ​တော့၏။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now