part23

401 33 3
                                    

Zawgyi

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဟုန်ကျင်းနယ်စပ်ကိုရောက်သည်နှင့်တာဝန်ကျသော စစ်သည်တော်တစ်ဦးက ခရီးဦးကြိုပြု၏ ။
သူတို့သည်လျန်ဟွားတွင်တစ်ပတ်မျှကြာသွားခဲ့ကာ ယခုမှ နယ်စပ်ပြန်ရောက်ကြခြင်းပင်ဖြစ်သည် ။
မြို့တော်ဆီရောက်ဖို့သုံးရက်လောက်သာကြာသော်လည်း သူတို့တွင်လူပိုများလာသည့်အတွက် အချိန်တပတ်လောက်တော့ပေးရမည်။

ရှောင်းနျန်ကလည်းကိုယ်လေးလက်ဝန်နှင့် အနည်းငယ်အားနည်းဖွယ်ဟုယူဆရသော လျန်ဟွား၏သမားတော်မုရွမ်လုံ အပြင်အစေခံငယ်လေးတစ်ယောက်ပါပါဝင်သေး၏

ဧကရီကတော့ သန်မာသော်လည်းဧကရာဇ်ကမူ လှည့်အပြင်မှမြေပေါ်သို့ ခြေတစ်လှမ်းပင်ချခွင့်မပြုပေ။

ပေါင်ပေါ်မှနျန်အာသည်လည်းအသက်မှန်မှန်ရှုကာ အိပ်ပျော်နေပြီဖြစ်သည်
မြေပြင်သို့ချေချခွင့်မရှိသောဧကရီသည်စာအုပ်ဖတ်ရင်းဖြင့်သာအချိန်ကုန်ရ‌တော့သည်
ရာသီဉတုကလည်းဆောင်းမို့ သူ့အဖို့ပျင်းရိဖွယ်ပင်။
ပျင်းတိပျင်းရွဲဖြင့်မှီထိုင်နေရင်းမျက်ဝန်းများက မှိန်းနေ၏

လှည်းကရပ်သွားကာအပြင်မှအသံတစ်သံကိုကြားရပြီးနောက် ဖြူသွယ်သောလက်ချောင်းများဖြင့်ကန့်လန့်ကာမခြင်းခံလိုက်ရကာ ချိုမြိန်ကာအလိုလိုက်သော အသံဖြင့်ဆိုလာ၏
အသံသည်သေချာပေါက်ဟုန်ဘုရင်၏ အသံပင်ဖြစ်သည်

"ရှောင်း...ကိုယ်တို့ နယ်စပ်မှာခရီးတထောက်နားမယ် "

ဧကရီသည်ပျင်းတိပျင်းရွဲသာ မျက်လုံးများမှေးစင်းရင်းပြန်ဖြေလာ၏

"အမ်း..."

ဧကရာဇ်ကြီးက မိဖုရား၏ ပျင်းရိနေပုံအားသဘောတကျရယ်မောလိုက်ရင်း နှာခေါင်းလေးအားခပ်ဖွဖွညှစ်လိုက်တော့၏

"အိပ်ချင်ရင်အိပ်လိုက် ကိုယ်လာနှိုးမယ်"

အချိန်တစ်ခုကြာသွားပြီးချိန်မှာတော့
လှည်းနှစ်စီးကရပ်သွားကာ လူလေးယောက်က  ရင်ခွင်ထဲမှာ လူကိုယ်စီချီ၍ လှည်းထဲကထွက်လာကြ၏

စောင့်နေကြသော အစောင့်တပ်သားများက ခဏတာကြောင်အသွားကြတော့၏

🍁ချစ်မိဖုရား🍁Where stories live. Discover now