မနီသို့ အပိုဒ် ၁၇

1 0 0
                                    


မနီရေ
ဘာလိုလိုနဲ့ မနက်ဖြန်ဆို
လပြည့်နေ့တောင် ရောက်ပြီ....

ဆုတောင်းပြည့်ပါတယ်ဆိုတဲ့
ဘုရားတွေမှာ ကျွန်တော်ထပ်ပြီး
ဆုတောင်းရအုံးမယ်....

ခင်ဗျားပြန်လာဖို့အတွက်ပေါ့....

ခင်ဗျားနဲ့ဝေးပြီးနောက်ပိုင်းမှာ
ဘုရားနဲ့မတည့်တဲ့ ကျွန်တော်ဟာ
ဘုရားဆီမွာ ခင်ဗျားပြန်လာဖို့အတွက်
ဆုတောင်းမိတယ်....

ဒါပေမယ့်
ဘုရားဟာ ကျွန်တော့်ရဲ့
ဆုတောင်းတွေကို လစ်လျူရှုခဲ့ပါတယ်....

ဘာလို့ဆို
ခင်ဗျားဟာ ကျွန်တော့်ဆီကို
ဘယ်တော့မှ ပြန်လာဖို့မဖြစ်နိုင်တဲ့
နေရာတစ်ခုကိုရောက်နေလို့လေ.....

Xing

Zaw Gyi Font

မနီသို႔ အပိုဒ္ 17

မနီေရ
ဘာလိုလိုနဲ႔ မနက္ျဖန္ဆို
လျပည့္ေန႔ေတာင္ ေရာက္ၿပီ....

ဆုေတာင္းျပည့္ပါတယ္ဆိုတဲ့
ဘုရားေတြမွာ ကြၽန္ေတာ္ထပ္ၿပီး
ဆုေတာင္းရအုံးမယ္....

ခင္ဗ်ားျပန္လာဖို႔အတြက္ေပါ့....

ခင္ဗ်ားနဲ႔ေဝးၿပီးေနာက္ပိုင္းမွာ
ဘုရားနဲ႔မတည့္တဲ့ ကြၽန္ေတာ္ဟာ
ဘုရားဆီမြာ ခင္ဗ်ားျပန္လာဖို႔အတြက္
ဆုေတာင္းမိတယ္....

ဒါေပမယ့္
ဘုရားဟာ ကြၽန္ေတာ့္ရဲ႕
ဆုေတာင္းေတြကို လစ္လ်ဴ႐ႈခဲ့ပါတယ္....

ဘာလို႔ဆို
ခင္ဗ်ားဟာ ကြၽန္ေတာ့္ဆီကို
ဘယ္ေတာ့မွ ျပန္လာဖို႔မျဖစ္ႏိုင္တဲ့
ေနရာတစ္ခုကိုေရာက္ေနလို႔ေလ.....

Xing

မနီ သို႔Where stories live. Discover now