Alli's Fault(အလ်လီရဲ့အပြစ် ၁၂)

340 45 0
                                    

[Unicode]
Chapter 12

Geo ထိုင်လိုက်ပြီးစတင်စားသောက်လိုက်တယ်။

Wally  က သူ့ကိုမကြာမကြာ ကြည့်နေခဲ့တယ်။
သူ ပျော်ရွှင်နေတာမြင်ပြီး ရူးမတတ်နှလုံးခုန်လာကာ ဘာကြောင့်မှန်းမသိသူ့ကိုသူယုံကြည်မှုပိုရှိလာတယ်။

"မင်း ကိုယ့်ကို  မင်းအတွက် တစ်ခုခုဝယ်ခိုင်းဖို့ရှိလား..?"

ဒီနေ့ သူ ပစ္စည်းအချို့ဝယ်ဖို့ရန်မြို့ပေါ်သွားရလိမ့်မယ်။သူကြိုက်တဲ့အရာတစ်ခုခုရှိရင်Wally Alli အတွက်ဝယ်နိုင်လိမ့်မယ်။

Geo Wallyကိုတစ်ချက်ကြည့်လိုက်တယ်။
သူတုန့်ဆိုင်းသွားတယ်။
သူ အချက်အလက်ပေးတဲ့အနေနဲ့' ချောဆီ'
လို့ပြောချင်ပေမယ့် သူခွန်အားလျော့သွားခဲ့တယ်။

" အထည်၊ချုပ်အပ်နဲ့အပ်ချည်"

Wallyမျက်တောင်ခတ်လိုက်တယ်။

" မင်း အဝတ်ချုပ်ချင်လို့လား..?"

" Hm...ငါအဝတ်နည်းနည်းချုပ်မလို့ဒါပေမယ့်လက်ရာတော့မကောင်းဘူး။အဲဒါကမကောင်းရင်တောင်မင်းဝတ်ရမယ်။"

Geoက Wallyကိုတစ်ချက်ကြည့်လိုက်တယ်။သူ့အဝတ်တွေအကုန်ဝတ်ပြီးသားတြွေဖစ်တယ်။အဝတ်တွေဟာ မူလပုံစံကနေ ဟောင်းနွမ်းပျက်စီးနေပြီဖြစ်တယ်။
Wallyခေါင်းစောင်းပြီးရှက်သွားတယ်

" ကိုယ် ကအဆင်ပြေပါတယ်"
သူAlliရဲ့ရည်ရွယ်ချက်ကိုသဘောပေါက်သွားပြီးသူ့ရင်ထဲနွေးထွေးသွားခဲ့တယ်။

သူ့အဝတ်တွေအားလုံးဟာ သူ့အဖေဝတ်ပြီးသားအဝတ်တြွေဖစ်တယ်။သူ့ကိုယ်ပိုင်အဝတ်သစ်တွေမရှိခဲ့ဖူးဘူး။
အဲဒါတွေက( အဝတ်ဟောင်း) ကောင်းတယ်လို့ သူတွေးပေမယ့် Alliရဲ့အာရုံစိုက်မှုကြောင့် သူအလွန်ပျော်ရွင်လာမိတယ်။

လေထုဟာကောင်း ပြီး ပူနွေးလာသောအခါ Leonဟာငိုလာခဲ့တယ်။

Geoမတ်တပ်ရပ်ကာ သူ့ကို ပုခတ်ထဲမှသယ်ထုတ်လိုက်ပြီး ကြက်ဥပါတဲ့ဆန်ပြုတ်ကိုကျွေးလိုက်တယ်။Leonဟာ အများအပြား စတင်စားနေ တာကြောင့် သူ့အစားအစာကိုသူထိန်းနေရတယ်။(TN/နည်းနည်းချင်းကျွေး)

" သူကောင်းကောင်းစားတာ အရင်က ကိုယ်မမြင်ခဲ့ရဘူး"
Wallyပြောပြီး Leonရဲ့ပါးမို့လေးကိုတို့လိုက်တယ်။

လယ်သမားရဲ့ဇနီးသည်( BL)Where stories live. Discover now