0.2

241 29 7
                                    

(Unicode)

နေပူထဲသွားရမှာ မုန်းတဲ့ စိတ်လေးကြောင့် မနက်အစောဆုံးကားနဲ့ ထွက်လာခဲ့တဲ့ Gemini ဟာ နေပူရှိန် မပြင်းခင် မနက်ပိုင်း  Mier သို့ရောက်သည်။

❝Mier ဂိတ်မှာ ဆင်းမယ့် ခရီးသည်များ ဂိတ်ဆုံး ပြီးဖြစ်တဲ့အတွကြောင့် ဆင်းလို့ရပါပြီ❞

ကားသမားရဲ့ အော်သံအဆုံးမှာ Gemini တစ်ယောက် မှိန်းနေသောမျက်လုံးများပွင့်ကာ လက်မှာပတ်ထားတဲ့ နာရီကို ကြည့်လိုက်မိသည်။

❝9နာရီ အတိပဲ!❞

အဝတ်အစား များများစားစား သိပ်မယူလာတာကြောင့် သူရဲ့တစ်ခုတည်းသော ကျောပိုးအိတ်ကို လွယ်ကာ ကားပေါ်က ဆင်းလာခဲ့သည်။

အောက်ရောက်သည်နှင့် ပတ်ဝန်းကျင် အခြေအနေကို သုံးသပ်ကြည့်မိသည်။

❝တော်တော် သာယာတဲ့ နယ်လေးပဲ❞

သူ့စိတ်ထဲက တိုးတိုးလေးမှတ်ချက်ချမိသည်။
အရမ်းကြီး တောကျလွန်းနေတာ မဟုတ်သောကြောင့် အရာရာ အဆင်ပြေမှာပါလို့
သူတွေးမိရင်း လက်ထဲက ph ကိုဖွင့်ကာ တစ်စုံတစ်ယောက်ထံ စာတိုလေး ပို့လိုက်သည်။

❝ 💌ကိုယ်အခုပဲ Mier ကိုရောက်ပြီ! လွမ်းတယ်နော်❞

စက္ကန့်မျှကြာသွားသည် အထိ စာလေးက Seen မဖြစ်သွားပေ။
သူမေ့သွားသည် ဒီချိန်ဆို May က အိပ်နေတုန်းပဲလေ။

Ph ကိုပိတ်ကာ ခပ်လှမ်းလှမ်းက ထိုင်ခုံလေးမှာ ဝင်ထိုင်ရင်း လာကြိုမယ့်သူ့ကို စောင့်နေလိုက်သည်။

ph noလည်း မယူထားတာမို့  ထိုင်စောင့်နေရုံကလွှဲ ကျန်တာမတတ်နိုင်ပေ။

တစ်ဖြေးဖြေး နေပူရှိန်ပြင်းလာသည်နှင့်အမျှ Gemini တစ်ယောက် စိတ်ပင်မရှည်တော့ချေ။

❝ကျစ်! နေပူတာ မကြိုက်ပါဘူးဆိုမှကွာ❞

စိတ်မရှည်ဟန် ခပ်တိုးတိုး ရေရွက်ရင်း နာရီ ကြည့်မိတော့ 10နာရီပင်ထိုးနေပြီ။

ဖြောင့်တန်းနေတဲ့ မျက်ခုံးတို့က တဖြေးဖြေး တွန့်ကွေးလာသည်။
မနက်အစောကြီးထလာရသည်မို့ ဘာမှ မစားလာရတာကြောင့်လည်း သူ့ရဲ့ ဗိုက်ကလေးက ဆန္ဒပြလာသည်။

SUNFLOWERWhere stories live. Discover now