၂၁

2.2K 393 9
                                    

  အပိုင်း ၂၁
ကျိုင်ရှင်းချန်လည်း အံ့သြသွားသည်။ ထို့နောက် သူက ခပ်တိုးတိုး မေးလိုက်သည်။

“ ကောအဆင်ပြေရဲ့လား”
ဖေးရွှီက သူ့ကို တခဏခန့် စိုက်ကြည့်နေပြီးနောက် ခေါင်းကိုခါသည်။ ယန်ကျစ်ကလည်း အနားသို့ ရောက်လာသည်။ ဟော့ချန်းတို့ကလည်း လှမ်းကြည့်လာကြသည်။

“ ဖေးရွှီ ဘာဖြစ်လို့လဲ”
လင်းချင်နင်က မေးသည်။
“ သူ သောက်တာများသွားတဲ့ပုံပဲ”
ကျိုင်ရှင်းချန်က ပြောလိုက်သည်။

လူတိုင်းက ပြုံးလျက် ထရပ်ကြသည်။ ယန်ကျစ်ကလည်း ရယ်လျက် ဖေးရွှီ၏ ပခုံးကို ပုတ်သည်။ဖေးရွှီက ခပ်ဖြောင့်ဖြောင့် ထထိုင်လာပြီး လူတိုင်းကို မျက်နှာသေဖြင့် ကြည့်သည်။ သို့သော် သူ၏ လည်ပင်းကမူ နီရဲနေသည်။

“ ငါ သောက်တာ များသွားတယ်”
ဟော့ချန်းက ဖေးရွှီကိုကူတွဲပြီး အခန်းသို့ လိုက်ပို့ပေးသည်။ အခြားလူများကလည်း စတင်ကာ သန့်ရှင်းရေးလုပ်ကြသည်။

“ ဖေးရွှီက ဆိုးဆိုးရွားရွားကို မသောက်တတ်ဘဲ နေမယ်လို့ မထင်ထားဘူး”
သွမ့်ရီဟွားက ပြောသည်။

“ ကိုယ်တို့ထဲမှာ သူက အနည်းဆုံး သောက်တာ မဟုတ်လား”

“ဖေးကော ကြည့်ရတာ ၀ိုင်နှစ်ခွက်ပဲ သောက်တာ ထင်တယ်။ သူ နောက်ပိုင်း ရေပဲ ထိုင်သောက်နေတာ”
ဝမ်နော့က ၀င်ပြောသည်။

အားလုံးက ရယ်ကြသည်။ ကျိုင်ရှင်းချန်က မီးဖိုခန်းထဲ ပြန်ဝင်ကာ ဖေးရွှီအတွက် အမူးပြေ ဟင်းချို ချက်သည်။

“ ကျွန်တော် ပိုချက်လိုက်မယ် အားလုံး အတူ သောက်လို့ရတာပေါ့”

“ ကံကောင်းတာက မနက်ဖန် အစောကြီးထဖို့ မလိုတာဘဲ”
ဟူရင်းက သူ့မျက်နှာသူထိသည်။
“ မနက်ဖန်မနက်တော့ မျက်နှာကြီး ယောင်ကိုင်းနေမှာ မြင်ယောင်တယ်”

“ ဒါနဲ့ ရှင်းချန်က အများဆုံး သောက်တာ မဟုတ်လား”
သွမ့်ရီဟွားက ပြောသည်။

“ ဟော့ကောက စကားပြောနေတဲ့အချိန်မှာ သူက တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက် သောက်နေတာ”

“ မင်းက ဒီလောက် သောက်နိုင်မယ်လို့ မထင်ထားဘူး”
ဟူရင်းက ၀င်ပြောသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now