Part ~~[35]

409 73 42
                                    

[Your Heartbeat]
အပိုင်း [၃၅]

အပါး...မဖြစ်နိုင်ဘူး!! လုံးဝမဖြစ်နိုင်ဘူး!! သားသူကိုလက်မထပ်နိုင်ဘူး!

ငြင်းလို့မရဘူး ကင်မ်ဆော့ဂျင်! ငါနဂိုထဲကစီစဉ်နေတာ။ မင်း company ဦးစီနိုင်ရင်တန်းလက်ထပ်ပေဖို့စီစဥ်ပြီသာ။ အခုတော့ငါအမုန်းဆုံးအကောင်ရဲ့သားနဲ့မှမင်းကပတ်သက်နေတော့ ငါဒီကိစ္စအမြန်အကောင်ထည်ဖော်မှရမယ်။

ဟင့်အင်း သားသူကိုမချစ်ဘူး! သားမချစ်တဲ့သူနဲ့လုံးဝလက်မထပ်နိုင်ဘူး အပါး!!.. သားချစ်တာဂျောင်ဂု!! ဂျောင်ဂုကိုပဲလက်ထပ်ယူမယ်!!

ဖြောင်း!!

သားဆော့ဂျင်!

ငိုယိုကာအော်ဟစ်နေသောဆော့ဂျင်ကိုMr. Kim အားနဲ့ပါးကို လွဲရိုက်လိုက်သည်။ ဒါကို အခန်းထောင့်နားကရပ်ကြည့်နေသော အိုမားသည် ပြေးဝင်လာခဲ့သည်။

သားလေ!...။ ရှင်ရယ်ကလေးကိုကောင်းကောင်းမွန်မွန်ပြောပါ လက်မပါ ပါနဲ့။

မင်း သားပြောနေတဲ့စကားကနားဝင်ချိုစရာ‌ကောင်နေတာမဟုတ်ဘူး ကင်မ်ဆိုဂျင်!

ဒီကိစ္စကိုနောက်မှအေးဆေးပြောလည်းရပါတယ် ရှင်ရယ်။ သားကိုဖိအား အရမ်းမပေးပါနဲ့။

မင်းအရှေ့ကနေ ကာစိကာစိမလုပ်နဲ့ ဆိုဂျင်!!
ဒီမှာ ကင်မ်ဆော့ဂျင် မင်းအဲ့ဒီကောင်နဲ့ပတ်သက်နေတာ ဒီတစ်ကြိမ်နောက်ဆုံးအကြိမ်ဖြစ်ပါစေ။ မဟုတ်လို့ကတော့ မင်းကိုငါသားအဖြစ်ကနေ စွန့်လွှတ်ပစ်မယ်။

ပြောပြီ ထွက်သွားသော Mr. Kim ။

ဆော့ဂျင်ခြေထောက်များပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်သည်။ သူတကယ်အားမရှိတော့ပါ သူမချစ်တဲ့သူနဲ့တစ်သက်လုံးဘဝလုပ်သွားရမှာ။ ပြီတော့ ဂျောင်ဂု........ ကံကြမာက ဘာကြောင့်များ ဂျောင်ဂုနှင့်ခွဲခြင်းနေရသလဲ။

သား....လာအခန်းထဲမှာ သွားနားတော့။

ဆွဲထူလာပါသော အိုမားရဲ့လက်ကိုဂရုမစိုက်ကာ...

ဘာလို့လည်း!..ဘာလို့ကျွန်တော်တို့ချစ်ခြင်းကိုခွဲခြင်းနေကြတာလည်း!!
အိုမား.....ဒီကိစ္စတွေကိုသိရဲ့နဲ့ ဘာကြောင့်မပြောတာလဲ။ ပြီတော့ ကင်မ်ထယ်ယောင်းနဲ့သဘောတူတဲ့အထဲ မှာ အိုမားကော ပါလာဟင်။

YOUR HEARTBEAT ||Taejinkook✅Where stories live. Discover now