part.37(uni&zawgyi)

2K 82 2
                                    

💛​စေတန်​ရဲ့သတို့သမီး💛

အပိုင်း(၃၇)
💙💙💙💙

"လက်​ထပ်​မယ်​...လက်​မထပ်​ဘူး...
လက်​ထပ်​မယ်​...လက်​မထပ်​ဘူး...."

အသင်​နှင်းဆီပန်းရဲ့ပွင့်ဖတ်​​လေး​တွေကို..တစ်​ဖက်​
ချင်းဆီ​ခြွေချရင်း..ပါးစပ်​ကတတွတ်​တွတ်​ရွတ်​
​နေမိသည်​။

"လက်​ထပ်​မယ်...လက်​မထပ်​ဘူး...
လက်​ထပ်​မယ်​...လက်​မထပ်......ဟင်​..."

​​နောက်​ဆုံးကျန်​တဲ့ပွင့်ဖတ်​​လေးတစ်​ခု​ကြောင့်
အသင်​မျက်​လုံးပြူးသွားရသည်​။လက်​မထပ်​ဘူးမှာ
ရပ်​​နေပြီး..​နောက်​ထပ်​ပွင့်ဖတ်​​တို့မရှိ​တော့.......။

"ဟင်း..​နောက်​တစ်​ဖတ်​လဲမရှိ​တော့ဘူး..ဒီနှင်းဆီပန်းက
ဘာလို့ပွင့်ဖတ်​အဲ့​လောက်​နည်း​နေရတာလဲ..."

မ​ကျေမနပ်​​ပြောလိုက်​ရင်း..လက်​ထဲကရိုးတံ​လေးကို
လွင့်ပစ်​ကာ...အသင်​..​ကျောက်​ခုံတန်း​လေးက​နေ
ထပြီး..နှင်းဆီပန်းအိုး​တွေနားကို​လျှောက်​သွား
လိုက်​သည်​။

"ဘယ်​အပွင့်က..ပွင့်ဖတ်​များ​လောက်​လဲ..."

ဟိုဟိုဒီဒီမျက်​လုံး​​ဝေ့ကြည့်ပြီး..ပန်းတစ်​ပွင့်ဆီ
လက်​လှမ်းလိုက်​စဉ်​..သူ့မျက်​နှာကို..မြင်​​ယောင်​
လိုက်​မိပြန်​သည်​။

"ဒီလက်​​တွေက..မသန့်ရှင်းမူ့နဲ့​သွေးစွန်း​နေခဲ့တယ်​.
ဆိုရင်​​တောင်​..ကိုယ်​မင်းဆီကမ်းလင့်လာတဲ့အခါ
ကိုယ့်လက်​​တွေကိုပြန်​ပြီးဆုပ်​ကိုင်​​ပေးမှာလား"

အသင်​..သူ့စကားကိုပြန်​ကြား​ယောင်​ပြီး..သက်​ပြင်း
ချလိုက်​သည်​။

အသင်​..အရမ်းသိချင်​ခဲ့တဲ့သူ့ရဲ့လျို့ဝှက်​ချက်​​တွေကို
အသင်​ကိုသူကိုယ်​တိုင်​​ပြောပြခဲ့သည်​။

"ဟူး..ငါဘာဆက်​လုပ်​ရမှာလဲ..သူရဲ့ဘဝအ​ခြေအ​နေက
အရမ်းရူပ်​​ထွေး​နေတာ.ငါ..သူ့နားမှာဆက်​ပြီး
ရှိ​နေသင့်ရဲလား..သူ့ရဲ့လက်​ထပ်​ခွင့်ကို​ရောငါ..
ဘယ်​လိုတုန့်ပြန်​ရမှာလဲ..ငါသူ့ကိုယုံကြည်​သင့်ရဲ့လား"

တစ်​​ယောက်​ထဲ​မေးခွန်းများစွာနှင့်ရူပ်​​ထွေးသွား
ရသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now