part.38(uni&zawgyi)

2.1K 106 4
                                    

💞​စေတန်​ရဲ့သတို့သမီး💞

        အပိုင်း(၃၈)
        💙💙💙

မ​တော်​တဆ​တွေ့ဆုံမူ့တစ်​ခုက​နေ..တစ်​ဘဝလုံးစာ
အတွက်​ရစ်​​နှောင်​ခဲ့မိ​လေတာပါလား...ဘာ့​ကြောင့်
မင်းအ​ပေါ်ထားခဲ့မိတဲ့..ကိုယ့်ရဲ့ခံစားချက်​​တွေ
အခု​လောက်​ထိ​လေးနက်​သွားရတာလဲဆိုတာ.
ကိုယ်​မသိ​တော့ဘူး...​သေချာတာက..ကိုယ့်နှလုံးသားရဲ့
အနက်​ရိူင်းဆုံး​နေရာမှာမင်းရှိ​နေခဲ့ပြီ.....အသ​င်္ချေ....။

​နေ...ကား​နောက်​ခန်းရဲ့​ဘေးမှာ..ချထားတဲ့..လိ​မ္မော်​​ရောင်​
နှင်းဆီပန်​စည်းအကြီးကြီးကို..ငဲ့ကြည့်ကာ..​
ပြုံးလိုက်​မိပြန်​သည်​။

ထိုအခါ..​နောက်​ကြည့်မှန်​ထဲက​နေ..bossကို
ခိုးကြည့်​နေမိတဲ့ဇ,...အသံမထွက်​​အောင်​ရယ်​လိုက်​
မိကာ..

"ပန်းစည်းကြီးက..အရမ်းလှပါတယ်​..boss..မမ​လေး
သ​ဘောကျမှာအ​သေအချာပါပဲ..."

"တစ်​ကယ်​ပဲ..သူသ​ဘောကျမယ်​လို့မင်းထင်​လား"

"ဒါ​ပေါ့..ကိုယ့်ချစ်​သူဆီက..ပန်းလက်​​ဆောင်​ရလို့
မ​ပျော်​တဲ့မိန်းက​လေး..ဘယ်​ရှိပါ့မလဲ.bossရယ်​"

ဇ,ဆရာကြီးစတိုင်​လုပ်​ပြီးရှင်းပြလိုက်​သည်​။bossက
မိန်းက​လေး​တွေအများကြီးနှင့်တွဲခဲ့ဖူးတာမှန်​​ပေမဲ့
ဒီလို..romanticဆန်​ဆန်​တစ်​ခါမှမလုပ်​ဖူးခဲ့..
boss.ဘာမှမကြိုးစားပဲနဲ့​တောင်​..တစ်​ဖက်​မိန်းက​လေး
​တွေက..အလိုလို​ကြွေကျလာတာမျိုးပဲ​လေ..
အခု..မမ​လေးနဲ့ကျမှ..bossအရာအားလုံး​ပြောင်းလဲ
သွားခဲ့တာ..

"မင်းမှာ..ချစ်​သူရှိလား..ဇ,...."

"ဗျာ..."

အ​တွေးလွန်​​နေတဲ့ဇ,bossရုတ်​တရပ်​​မေးလိုက်​​တော့
ဇ,​ကြောင်​သွားရသည်​။

"ကျွန်​​တော်​က..bossအနားမှာအမြဲတမ်းအရိပ်​လို
ရှိ​နေရတာ..ချစ်​သူထားဖို့..ဘယ်​အချိန်​ရှိမှာလဲ.."

ရူံ့မဲ့မဲ့​ပြောလိုက်တဲ့..​ဇ,စကား​ကြောင့်..​နေရယ်​လိုက်​မိကာ

"မင်း​ပြောသလိုဆို..ငါက..မင်းရည်းစားထားဖို့
အချိန်​ကို..သက်​သက်​...​ပေးရမလို..ဖြစ်​​နေပြီပဲ."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now