1||

2.7K 220 19
                                    



Zawgyi _

_____





Ep - 1

.....

" ဟာ...မယူချင်ပါဘူး ကျဲရာ "

စူပုတ်နေတယ့် မျက်နှာကြီးဖြင့် ရှောင်ကျန့် ပြောလိုက်သည်။

" မယူလို့ရမလား? ။ ယူရမယ်! ။ နင့်အသက် က ဖင်ဆောင့်နေပြီ ၊ အခုထိ ရည်းစား လေးတောင် မထားဖူးဘူး ။ ငါတို့မှမပေးစားရင် နင်ရပါအုံးမလား? ဟမ်!?"

ယန်လီ တစ်ယောက် မျက်နှာကို ဟိုရွဲ့ဒီရွဲ့ နှင့်" အမျိုးမျိုး လုပ်ပြနေသော အသက် 30 ကျော်အရွယ် မောင်ငယ်ကို စိတ်ပျက်လက်ပျက် ကြည့်မိသည်။

" ဟွန့်!"

ရှောင်ကျန့် သူ့အား မိန်းမ တောင်မဟုတ် ယောကျာ်း ပေးစားနေသော ရက်စက်သူကြီး သူ ကျဲအား မကျေမနပ် နှာမူတ်လိုက်သည်။

" အမယ် နင်က ဟွန့် ချင်သေးတယ်ပေါ့ ၊ ကိုယ့်အသက်ကိုယ်ပြန်ကြည့် "

" ကျဲကလည်း အသက်လေး 30 ကျော်တာ အခုမှ လူစဖြစ်တုန်းရှိသေး....ကို "

" ဘာလူစဖြစ်တုန်းလဲ? ၊ ရေဝေးကို တုန်ကင် ယူထားနေရတာကို ငါလုပ်ထည့်လိုက်ရ!"

" ဒီအသက်ပဲ လာလာထိခိုက်နေတာ!။ ခုမှ ငယ်ငယ်လေးရှိသေး ဟွန်း "

ရှောင်ကျန့် ကျဲကို မျက်စောင်းသေးသေးလေး ထိုးလိုက်ပြီး

" ပြီးတော့ ကျဲက ကျဲရဲ့ ချစ်စရာကောင်း တယ့်မောင်ငယ်လေးကို ယောကျာ်း ပေးစားနေတာကို!! ။ ဖင်ကိတ် ၊ ရင်ကိတ် မမကြီးတွေနဲ့ ပေးစားပါလားလို့! ဟုတ်တယ်... "

ဆိုကာ အထွန့်တတ်ကာ ဆက်ပြောလိုက်သည်။

" နင်အသက်က 16 နှစ် မှတ်နေလား? ။ မမကြီးတွေပဲ လိုချင်နေရအောင်! နင်ထက်ကြီးတဲ့ မမကြီးတွေ လိုချင်ရင် ရေဝေးကိုသွားရှာ! သွား!! ။ ပြီးတော့ နင်က မိန်းမ ယူပြီး ဘာအလုပ်လုပ်ပြီး လုပ်ကျွေး မှာတုန်း နင်တောင် ငါ့အိမ်မှာ ကပ်စားနေရပြီးတော့ ဒါကြောင့် ငါ့က စေတနာနဲ့ ယောကျာ်း ယူခိုင်းတာ! နင်ထိုင်စားရုံပဲ နားလည်လား ငတုံးရဲ့! "

|| ရှောင်အိမ်တော် ရဲ့  လူပျိုသိုး || Where stories live. Discover now