part.39(uni&zawgyi)

1.9K 90 6
                                    

💞​စေတန်​ရဲ့သတို့သမီး💞
 
           အပိုင်း(၃၉)
           💜💜💜

"မင်းကိုချစ်​တယ်​..အသင်္ချေ"

သူ့ထံက..အသင်​​မျှော်​လင့်ခဲ့မိတဲ့စကား​လေးတစ်​ခွန်းက
အခုလိုမ​မျှော်​လင့်ထားတဲ့အချိန်​မှာ..သူ့နူတ်​ဖျားက
ဖွင့်ဟဝန်​ခံ​နေခဲ့​လေပြီ...၊

"ဒါအိပ်​မက်​လား..."

အိပ်​မက်​လား.တစ်​ကယ့်လက်​​တွေ့အဖြစ်​အပျက်​လား
ဆိုတာ​တောင်​မခွဲခြားနိုင်​​တော့တဲ့အထိ..အံ့ဩဖွယ်​
​ကောင်း​လောက်​​အောင်​..ခမ်းနားလွန်း​နေတဲ့ဤ
အခိုက်​အတန့်မှာ..အသင်​..သူ့မျက်​နှာကို​မော့​ငေး
ကြည့်​နေရုံကလွဲပြီး..ဘာမှမတုံ့ပြန်​နိုင်​ခဲ့​ပေ...။

"............."

​နေ..​ကျောက်​ရုပ်​​လေးလိုမှင်​သက်​​ငေး​မော​နေတဲ့
သူမကိုကြည့်ပြီး..နူတ်​ခမ်းမှာအပြုံးသဲ့သဲ့ဖြစ်​ထွန်း
ရသည်​။

"ဘယ်​လိုလဲ..ချာတိတ်​..ကိုယ့်ကိုဒီအတိုင်းပဲ..
ကြည့်​နေ​တော့မှာလား..တစ်​ခုခုပြန်​မ​ပြော​တော့ဘူးလား"

ထိုအခါမှ.သူမမျက်​နှာ​လေးဖျပ်​ခနဲ​အောက်​ငုံ့သွားကာ...၊

"အသင်​က..ဘာ..ဘာ​ပြောရမှာလဲ..."

စိတ်​လူပ်​ရှားမူ့​ကြောင့်ထင်​သည်​။သူမအသံ​လေးက
အက်​ရှတုန်​ခါ​နေသည်​။​နေ..သူမမျက်​နှာ​လေးကို
​မေးဖျား​က​နေ ပင့်​မော့​စေလိုက်​ပြီး..မျက်​လုံးချင်း
တမင်​ဆုံ​အောင်​စိုက်​ကြည့်ပစ်​လိုက်​သည်​။

"မင်းသိချင်​​နေခဲ့တာမဟုတ်​လား..ကိုယ်​မင်းအ​ပေါ်
ထားတဲ့ခံစားချက်​​တွေကို..က်ိုယ်​​အခုဝန်​ခံ​နေတယ်​​လေ..."

"ရှင်​..ဘာလို့ဒီ​လောက်​မြန်​မြန်​​ပြောင်းလဲသွားရတာ
လဲဟင်​....ရှင်​..အချစ်​ဆိုတဲ့အရာကိုတစ်​ကယ်​
နားလည်​ခံစားတတ်​သွားတာလား..ဒါမှမဟုတ်​..
အသင့်ကိုစိတ်​ချမ်းသာ​စေချင်​ရုံသက်​သက်​နဲ့​တော့"

အသင်​..စကားကိုဆုံး​အောင်​မ​ပြောပဲ..မျက်​လုံး
လွှဲလိုက်​မိသည်​။ဒီ​လောက်​က​တော့..အသင်​​မေးသင့်
တယ်​ဟုထင်သည်​။ချစ်​တယ်​ဆိုတဲ့စကား​လေး
တစ်​ခွန်းမှမပါပဲနဲ့​တောင်​..သူ့ကိုဘဝတစ်​ခုလုံး..
ပုံအပ်​ခဲ့တဲ့အသင့်အတွက်​..သူ့ဆီက..အချစ်​ကို
​မျှော်​လင့်ခဲ့မိတာမှန်​​ပေမဲ့....ပိုင်​ဆိုင်​ရယူလိုမူ့..
တစ်​ခုထဲနဲ့. သူအချစ်​လို့​ခေါင်းစဉ်​တပ်​လိုက်​မှာကို​တော့
အသင်​တစ်​ကယ်​မလိုချင်​ပါ...၊

စေတန်ရဲ့သတို့သမီးWhere stories live. Discover now