Intro

250 25 4
                                    

လုချင်းရန်ဟာ သူ့ကို တစ်ချိန်လုံးချစ်ခင်မြတ်နိုးပြီးနေခဲ့သူကို မသိခဲ့ပဲ မာယာများပြီး ယုတ်မာတဲ့ လူတစ်ယောက်ကို ချစ်ခဲ့မိလေသည်။
ထိုအမျိုးသားလေး သူ့၏ရင်ခွင်ထဲမှာ သေဆုံးသွားသည့်အခါ
နောင်တရပါသော်လည်း နောက်ကျခဲ့ပါပြီ။
သူ့ကိုယ်သူ အဆုံးစီရင်ဖို့လုပ်ပြီး ထိုအမျိုးသားလေးနှင့်
ဘ၀ကူး။လမ်းတစ်လျှောက်ပြန်တွေ့ပါရစေ ဆုတောင်းရင်း
သတ်သေခဲ့လေသည်။
သို့သော် ဘုရားသခင်ဟာ သူ့ကို အမှားများပြန်ပြင်ဆင်ခွင့် ပေးခဲ့လေသည်။ထိုဖြစ်ရပ်ကြီးမဖြစ်ခင် ဆယ်ရှစ်နှစ်အရွယ်အကြာသို့ပြန်ရောက်ရှိသွားတော့သည်။
ထိုအမျိုးသားလေးကို ကာကွယ်ချစ်မြတ်နိုးသွားဖို့ ဆုံးဖြတ်ရင်း
ယုတ်မာရက်စက်သည့်သူများကို ပြန်ကလဲ့စားချေဖို့စတင်လုပ်ဆောင်တော့သည်။

လုချင်းရန်-နောက်ကျခဲ့တဲ့အတွက် တောင်းပန်ပါတယ်။
အဲ့အပြစ်တွေအတွက် ကိုယ့်ရဲ့ထာ၀ရကို ပေးဆပ်ပြီး
မင်းကို ချစ်မြတ်နိုးခွင့်ပြုပါ။

ဖန်ရှင်းယွင်-ခင်ဗျားကို ချစ်မိတဲ့နေ့ကစပြီး
အပြစ်အနာအဆာအကုန်လက်ခံဖို့တွေးထားခဲ့ပြီးပြီ။
ကတိတစ်ခုတော့တောင်းမယ်၊ကျုပ်ကို ထားမသွားပါနဲ့။

___________________________

လက်အငြိမ်မနေနိုင်တဲ့အတွက်နောက်တစ်ပုဒ်ဖန်တီးလိုက်ပါပြီ🤣✋

ကဲ လိုက်ပါပေးကြပါအုန်း
အနည်းငယ်တော့ အပ်ဒိတ်ကြာမယ်ဗျာ

ပြန်လည်မွေးဖွားလာပြီးနောက် ချစ်ဇနီးလူဆိုးလေးကိုအလိုလိုက်မည်(Not trans)On viuen les histories. Descobreix ara