၂၂

1.9K 346 13
                                    

အပိုင်း ၂၂
ဟော့ချန်းက စီးကရက် တစ်လိပ်ပြီးတစ်လိပ် ဆက်တိုက် သောက်သည်။
“ ငါ့ကို အခု ကြည့်ပါဦး၊ငါ ဆေးလိပ် စွဲနေပြီ။ အစက ငါ ဆေးလိပ် မသောက်တတ်ခဲ့ဘူး။ငါရဲ့ လုပ်ငန်းကို လူအချို့က ရန်ပုံငွေ ထည့်ခဲ့ပေမဲ့ အများစုကို ငါ့ဘာသာ စုခဲ့ရတာ။ နောက်ပြီး ငါ ဆေးလိပ်သောက်တတ်လာတယ်။ငါ စီးပွားရေး စလုပ်ပြီးနောက်ပိုင်းမာ သိလာရတာပဲ။ လူတိုင်းက ဆေးလိပ်သောက်လိုက် အရက်သောက်လိုက် လုပ်နေတဲ့အချိန်မှာ ငါက ဆေးလိပ်လည်း မသောက် အရက်လည်း မသောက်ရင် ၀င်တိုးနိုင်တော့မှာ မဟုတ်ဘူး။ငါ စီးပွားရေး စလုပ်ကာစက အရက်မသောက်နိုင်သေးဘူး၊ တစ်ခါက ဖောက်သည်တစ်ယောက်နဲ့ဆုံတော့  ငါက သူ့ကို အထင်သေးနေတာလို့ သူက ထင်သွားတယ်။နောက်တော့ စားပွဲပေါ် ဖိုင်တွေ ဖြန့်ပြီး ၀ိုင်ခွက်ကိုပါ တင်လာတယ်။ စဉ်းစားကြည့် သူက ငါ တစ်ခွက်သောက်ရင် လက်မှတ် တစ်ခါ ထိုးပေးမယ်လို့ ပြောလာတာ။အမေရေ တစ်ခွက်သောက်ရင် တစ်ခါ လက်မှတ်ထိုးတာ မပြောနဲ့ တစ်ပုလင်းလုံး သောက်ဆိုရင်တောင် ငါသောက်နိုင်တယ်။ နောက် ငါက တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်သောက်ပြီး သူ့ကိုတောင် ကြောက်သွားစေခဲ့တာ။ သူ့မှာငါ့ကို အတင်းတားရတယ် နောက်တော့ အားလုံးကို လက်မှတ် ထိုးပေးသွားတော့တာပဲ”
ဟော့ချန်းက အတိတ်အကြောင်း ပြောရုံသာ ဖြစ်သော်လည်း ကျိုင်ရှင်းချန်ကမူ အလွန်စိုးရိမ်သွားရသည်။
“ နောက် ဘာဆက်ဖြစ်သွားလဲ”

“ နောက်တော့လား ငါ လက်မှတ်ထိုးလိုက်နိုင်တယ်လေ”

“ ငါ ပြောပြမယ်”

“ ငါ ဆေးရုံတက်လိုက်ရသေးတယ်”
“ အဲဒီလိုဆိုမှ ပိုဆိုးတာက ငါ ဆေးရုံတက်ရတာတောင် မိသားစုကို မပြောရဲခဲ့ဘူး။ ဒါကြောင့် တစ်ယောက်တည်း သွားတက်တာ။ ပြောရရင် အရက်နဲ့ ပြန်ဖြေရတယ် မဟုတ်လား အဲဒီတော့ ဆက်သောက်ဖို့ လိုပြန်ရော။ အစာအိမ်အောင့်တာ၊ ဘာမှမစားနိုင်တာကလည်း ရှိသေးတယ်။ နောက်ပြီး ဘာရှိသေးလဲ ဟုတ်တယ် ဆေးလိပသောက်တာ အရူးလိုကို ဆက်တိုက် သောက်ရတာ သောက်ကျိုးကိုနည်းရောပဲ”

ဟော့ချန်းက ခေါင်းကိုခါသည်။
“ ငါ အခုပြန်တွေးမိတော့ ဒီလို မိုက်ရူးရဲ မဆန်ရဲတော့ဘူး “

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now