Part 1

4.3K 27 0
                                    

"Ban Ban"

ဒီနာမ်စားလေးကိုကျွန်မအရမ်းသဘောကျတယ် ကျွန်မသိပ်ချစ်ရတဲ့ ဒီလူသားလေးဆီကမို့ ကျွန်မပိုနှစ်သက်မိတယ်

ကျွန်မသာ သာမန်မိန်းခလေးတစ်ယောက်ဖြစ်ခဲ့ရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ ကျွန်မနှစ်သက်တဲ့အရာတွေကို ကျွန်မချစ်သူနဲ့အတူတူလုပ်ချင်တယ်

ကျွန်မလောကရီးကိုလဲအပြစ်မတင်ချင်ပါဘူး ကျွန်မရဲ့ဖြစ်တည်မှုကိုလက်ခံပြီးချစ်ပေးမယ့် ဒီလူသားလေး ကျွန်မအနားမှာရှိနေပြီဘဲ ကျွန်မဘာမှထပ်ပြီးမလိုချင်တော့ပါဘူး။

ကျွန်မတို့နှစ်ယောက်ကိုဆုံစည်းပေးခဲ့တဲ့ကံတရားကို ကျွန်မကျေးဇူးတင်ပါတယ် တကယ်လို့ ကျွန်မသာ လူသားမိန်းခလေးတစ်ယောက်ဆို သူနဲ့အခုလိုရော ဆုံတွေ့နိုင်ပါဉီးမလား
ကျွန်မမြေခွေးတစ်ကောင်ဖြစ်ရတာကိုကျေနပ်ပါတယ်

ဒီလူသားလေးရဲ့အချစ်ခံလေးဖြစ်ရတာကိုလဲကျေနပ်တယ်
ကျွန်မလိုသတ္တဝါတစ်ကောင်ကို မြတ်"နိုး"နဲ့ချစ်ပေးတဲ့ ဒီလူသားလေးကို ကျွန်မသေတဲ့ချိန်ထိ ဆက်ချစ်သွားဉီးမှာပါ

ကျွန်မတို့အခုဆိုရင် ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလဲပိုင်ဆိုင်ထားတယ် ကျွန်မတို့မှာသိပ်ကိုချစ်စရာကောင်းတဲ့သားလေးတစ်ယောက်လဲရှိပါတယ်

ကျွန်မအခုဆို သာမန်လူသားတွေနဲ့ တန်းတူနေနိုင်နေပြီလေ အဲ့တာ သူပေးတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်ပေါ့

ကျွန်မသိပ်ချစ်ရတဲ့ ဒီလူသားလေးရဲ့နမည်က

"ကျော်သီဟ"

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"ဟျောင့် ကျော်ရီးရေ ခရီးသွားဖို့ အကုန်အဆင်သင့်ဖြစ်ပြီလား"

"ဖြစ်တာကြာပေါ့ကွာ မင်းတို့ကောင်တေကိုစောင့်နေတာ"

"ငါကပြီးတာကြာနေပြီ ဟိုကောင်အောင်မြင်ကိုစောင့်နေရလို့
ဒီကောင် ရေချိုးပြီးပြင်ဆင်နေတာမပြီးတော့ဘူး"

"စောတီးပါကွာ မင်းတို့ကလဲ ငါလဲခရီးသွားမယ်ဆိုတော့ ကောင်မလေးတေ ဘာတေ အဆင်ပြေရင် ရည်းစားတောင်ရနိုင်သေးတာကို အဲ့တော့ငါလန်းနေမြှဖစ်မှာကွ"

My Baby Wolf Ban BanDove le storie prendono vita. Scoprilo ora