Intro

2.8K 62 0
                                    

Unicode

မင်္ဂလာပါ
အမောင် (Louis Maung )ပါ။

2020လောက်က Facebook မှာ "အညာမိသွားတဲ့အညာသားလေး" ဆိုတဲ့ ဝတ္ထုတိုလေး တင်ခဲ့ဖူးတယ်။

ဝတ္ထုတိုကို ဝတ္ထုရှည်အဖြစ် ပြန်လည်အသက်သွင်းချင်တဲ့ ဆန္ဒလေး ဖြစ်ပေါ်နေခဲ့တာတော့ ကြာပါပြီ။

ဒီရက်ပိုင်းမှာတော့ ဒါလေးကို ဖန်တီးကြည့်ချင်တဲ့ ဝိညာဉ်တို့ အားပြင်းလာတယ်ပဲဆိုရမလား...။
မန္တလေးဇာတိဖြစ်တဲ့အမောင်က ရန်ကုန်တက္ကသိုလ်က အဓိပတိလမ်းမကြီးပေါ်ကို စမ်းလျှောက်ကြည့်ချင်လာတယ်။
အင်းလျားကန်ဘောင်မှာ လေညှင်းလေးခံရင်း ကဗျာတွေစပ်ချင်လာတယ်။
သစ်ပုပ်ပင်ကြီးအောက်မှာ ကံ့ကော်ပန်းလေးကို နမ်းရှုံ့ချင်မိတယ်။
ခြုံငုံရရင် ကံ့ကော်မြို့တော်ကြီးဆီကို အလည်တစ်ခေါက် ရောက်ဖူးချင်မိပါတယ်။

ဒီဝတ္ထုလေးထဲက အကြောင်းအရာများနဲ့ ဖြစ်ရပ်များဟာ စာရေးသူ(အမောင်)ရဲ့ စိတ်ကူးသက်သက်သာဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောပါရစေ။
လက်တွေ့အပြင်က ဖြစ်ရပ်မှန်များကို အခြေမခံသလို မည်သည့်စာပေကိုမှ တုပထားခြင်းမျိုးလည်း မရှိကြောင်းပါ။

ဖတ်ခဲ့ဖူးသော စာပေတချို့၏ influence အောက်ကလည်းလွတ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။

အဓိပတိလမ်းကို မလျှောက်ဖူးသော၊ဂျပ်ဆင်ဘုရားကျောင်းကို မရောက်ဖူးသော အမောင့်အနေနဲ့ စာဖတ်သူတွေအပေါ် အမှတ်မှားဖွယ်၊အထင်လွဲဖွယ် အကြောင်းအရာများ ချပြခဲ့မိသည်ရှိသော် အပြစ်မမြင် အချစ်တော်ဝင်၍ ထောက်ရှုသုံးသပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဇာတ်လမ်းလေးက သိပ်လည်းရှေးမကျ၊ဒီဘက်ခေတ်နဲ့လည်းသိပ်မဝေးတဲ့ ၂၀၀၈/၂၀၀၉/၂၀၁၀ ပတ်ဝန်းကျင်ကို အခြေခံထားတာပါ။

ဒါလေးက ဝတ္ထုတိုလေးနဲ့ ကွဲလွဲ၍လည်း နေနိုင်ပါသည်။
ဂျပ်ဆင်ထိပ်က အချစ်ငှက်လေးနှစ်ကောင် ခေါ်ဆောင်ရာနောက်ကိုသာ လိုက်သွားမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားသွားမှာပါ။

Update ကတော့ ရှေ့မှာလည်း ongoing ၂ပုဒ်ရှိနေသေးတာမို့ တစ်ပတ်တစ်ပိုင်းလေးတော့ ဖြစ်အောင်ကြိုးစားပါ့မယ်။

ဂျပ်ဆင်ထိပ်က အချစ်ငှက်ငယ် {ဂ်ပ္ဆင္ထိပ္က အခ်စ္ငွက္ငယ္}Where stories live. Discover now