part.40(uni&zawgyi)

1.9K 93 8
                                    

စေတန်​ရဲ့သတို့သမီး💛

           အပိုင်း(၄၀)
            🌺🌺🌺

"ဒီတစ်​​ခေါက်​​တွေ့ဆုံပွဲမှာ..သခင်​​လေးအဓိက..
သတိထားရမဲ့လူက..မစ္စတာယန်းပါ..."

အန်​ကယ်​ဂျိမ်းက​ပြောရင်း..နံရံကပ်​..စက္ကရင်​
ကြီး​ပေါ်မှာ..​ပေါ်​နေသည့်ပုံရိပ်​တစ်​ခုကို​ပြောင်း
နှိပ်လိုက်​သည်​။စက္ကရင်​မှာ​ပေါ်လာသူက..အသက်​၄၀
အရွယ်​ခန့်..တရုတ်​လူမျိူးတစ်​ဦး...

"သူ့ရဲ့..G.M groupက....လွန်​ခဲ့တဲ့..၂နှစ်​က...
တရုတ်​ကသ​ဘောင်္ကျင်းကိစ္စမှာ..The Sun ​ကြောင့်
​တော်​​တော်​အထိနာသွားခဲ့တာ...သူကThe Sunနဲ့
သခင်​​လေးကို..လက်​တုံ့ပြန်​နိုင်​ဖို့ပဲအခွင့်အ​ရေး
​ချောင်း​နေတာပါ..."

"ပြီးခဲ့တဲ့..နှစ်​က..The Sun ရဲ့စ​တော့ရှယ်​ယာ​တွေကို
နာမည်​ဝှက်​နဲ့..လိုက်​ပြီးဝယ်​ဖို့ကြိုးစားခဲ့တာလဲ
သူမဟုတ်​လား..."

ရန်​သူ၊မိတ်​​ဆွေများစွာနှင့်ဆက်​ဆံ​နေရ​သော်​လဲ.
အမြဲတမ်း..သတိအ​နေအထားနှင့်ညဏ်​​ကောင်း
လွန်းလှတဲ့..သခင်​​လေးကို..ဂျိမ်း​ခေါင်းညိမ့်ပြ
လိုက်​ရင်း..

"ဟုတ်​ပါတယ်​..အဲ့ဒီတုန်းကလဲ..သခင်​​လေးအချိန်​မှီ
ရှယ်​ယာ​ဈေး​တွေကိုထိန်းပြီး...G.M ရဲ့..ရှယ်​ယာ
​ဈေး​တွေကို..ထိန်းမရ​အောင်​ပြန်​လုပ်​ခဲ့လို့..G.Mရဲ့
အာရှမှာရှိတဲ့ရုံးခွဲ​တော်​​တော်​များများပိတ်​ခဲ့ရတာပါ"

"အဲ့ဒီ့ကထဲက..သူနားလည်​သွား​လောက်​မှာပါ...
စီးပွား​ရေးလှည့်ကွက်​အ​နေနဲ့..The Sunကို..
သူယှဉ်​လို့မရဘူးဆိုတာ..."

"အဲ့ဒါ​ကြောင့်လဲ..ဒီတစ်​​ခေါက်​သူ့ကိုသတိထားဖို့
ကျွန်​​တော်​​ပြော​နေတာပါ..The Sun groupကို
သူယှဉ်​လို့မရတဲ့အ​တွက်​..သခင်​​လေးအ​ပေါ်သူ
တုံ့ပြန်​လာလိမ့်မယ်​..ပြီး​တော့..သူက..ဂျပန်​က
ဂိုဏ်း​တွေနဲ့လဲ..အဆက်​အဆံရှိပါတယ်​..."

ဂျိမ်း​ပြောတာကိုဆုံး​အောင်​နား​ထောင်​ပြီး..​နေက
စီးကရက်​တစ်​လိပ်​ကိုမီးညှိဖွာရိူက်​ကာ....
ထရပ်​သည်​။

"ကျွန်​​တော်​..ဂျပန်​ကလူ​တွေနဲ့ဆက်​သွယ်​ပြီးပါပြီ..
သခင်​​လေးရဲ့လုံခြုံ​ရေးကိုအထူးဂရုစိုက်​ဖို့..ဒီတစ်​​ခေါက်​
ဂျပန်​ခရီးစဉ်​မှာ..ကျွန်​​တော်​..သခင်​​လေးကို..ဘယ်​လို
အ​နှောင့်အယှက်​မျိုးနဲ့မှ..မ​တွေ့​စေချင်​ဘူး..."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now