Part 22

3.3K 90 0
                                    

ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်ကငိုသံသဲ့သဲ့လေးပျံ့လွင့်လာ၍ လင်းညရင်တွေတောင် ဗြောင်းဆန်သွားရပါ၏။ ချာတိတ်မကဝမ်းပန်းတနည်း ငိုယိုပြောနေတော့ ရင်ထဲစိုးရိမ်စိတ်တို့ကလည်း တရိပ်ရိပ်။ အကြောင်းအရာကိုသေချာနားထောင်လိုက်ပြီးနောက် လူကချက်ချင်းပဲထရပ်မိကာ သူမရှိရာသို့သွားရန် ခြေလှမ်းပြင်လိုက်စဥ်...

""ဒေါက် ဒေါက်""

""အစည်းအဝေးစလို့ရပါပြီ CEOရှင့်""

""အင်း! မငိုနဲ့ မငိုနဲ့
ကိုကိုလာမယ်နော် ခဏလေးပဲစောင့်""

တစ်ဖက်မှငိုပြောတိုင်တန်းနေသည့်ကလေးကို ချော့ရင်း secretaryဘက်သို့လည်းတစ်ချက်ကြည့်၍...

""Meetingဖျက်လိုက်""

""ရှင်!
သြော်..ဟုတ်ကဲ့""

ယတိပြတ်ပြောကာ အခန်းမှထွက်သွားသောCEOကြောင့် ဝန်ထမ်းဖြစ်သူကတော့ ယောင်နနဖြင့်ရပ်ကျန်ခဲ့ရသည်။နိုင်ငံခြားကshareရှင်တွေပါဝင်သည့် အရေးကြီးအစည်းအဝေးကိုတောင် အတွေအဝေမရှိဖျက်သိမ်းပစ်နိုင်သည်တဲ့! တစ်ဖက်မှာဘာတွေများအရေးကြီးလို့လဲ?

အရင်ကဆို အလုပ်ကိုသာ ဦးစားပေးတတ်ပြီး စည်းစနစ်ကျလွန်းသည့် CEOကပြောင်းလဲသွားပြီပဲ။

""ဟင်း! အဲ့ဒီ့မိန်းကလေး ကံကောင်းလိုက်တာ""

~~~~ 🍬 ~~~~

မှန်တံခါးချပ်ကိုဖွင့်ဝင်လိုက်ပြီးနောက် မျက်လုံးတို့ကလည်း နွဲ့ဆိုးရှိမယ့်နေရာကို အကဲခတ်ရှာဖွေလိုက်သည်။ မလှမ်းမကမ်းရှိ Tableဝိုင်းတွင်တော့ စူပုပ်ပုပ်မျက်နှာလေးဖြင့် ထိုင်နေသည်က သူ့ရဲ့ရှုမငြီးတဲ့ ချစ်ဇနီး...။သူမဘေးမှာလည်း ဆိုင်ဝန်ထမ်းတချို့နဲ့မန်နေဂျာရှိနေကာ တစ်စုံတစ်ခုပြောနေသည့်အသွင်နှင့်...။

ထို့နောက် လင်းညရောက်လာသည်ကို မြင်သွားလေမှ အားလုံးပျာပျာသလဲဖြင့် လှမ်းကြည့်၍...

""CEO...တကယ်ရောက်လာတယ်
ဒါ..ဒါ....""

ဟိုလူတွေက ဝင်ပေါက်ဘက်သို့ပြူးပြဲကြည့်ကာ စကားလုံးတွေထစ်အနေကြတော့ ရှင်ရှင်လည်း သူတို့နည်းတူလှည့်ကြည့်မိသည်။ထိုအခါ ခြေလှမ်းကျဲများဖြင့် ရှင်ရှင်ရှိရာဆီ ဦးတည်လျှောက်လှမ်းလာသူက တကယ်ပဲ ကိုကို...။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Donde viven las historias. Descúbrelo ahora