part.41(uni&zawgyi)

1.8K 81 3
                                    

💛 ​စေတန်​ရဲ့သတို့သမီး 💛

အပိုင်း(၄၁)
🌺🌺🌺🌺

"ဒီ​လောက်​....​နောက်​ကျ​နေမှ..ကျုပ်​ကိုဘာလို့
​တွေ့ဖို့ချိန်းရတာလဲ..ဦ်းထွန်းမြတ်​...."

"အရမ်း​နောက်​ကျ​နေမှန်းသိ​ပေမဲ့..မ​ပြောမဖြစ်​တဲ့
အ​ကြောင်းမို့လိုပါ..ဂျိမ်း...ဖုန်းနဲ့လဲ​ပြောဖို့မဖြစ်​လို့"

ပုံမှန်​မဟုတ်​တဲ့ဦးထွန်းမြတ်​ရဲ့ပုံစံကိုကြည့်ပြီး...
ဂျိမ်းအနည်းငယ်​စိုးရိမ်​မိသွားရသည်​။

"ဘာကိစ္စလဲ...​ပြောပါဦး..."

​ပြောပါဦးဆိုတာ​တောင်​..ချက်​ချင်းမ​ပြောနိုင်​ပဲ
စားပွဲ​ပေါ်မှာရှိ​နေတဲ့..ဝီစကီဖန်​ခွက်​ကိုအရင်​ယူ​မော့
လိုက်​ပြီးမှ..

"သခင်​​လေး..ကျုပ်​ကို..သံသယဝင်​​နေပြီ...."

"ဘာ..ခင်​ဗျားဘာ​ပြောတယ်​..."

"ဟုတ်​တယ်​..ဂျိမ်း..သခင်​​လေးက....ကျုပ်​သူ့အတွက်​
စီစဉ်​​ပေးထားတဲ့​ဆေး​တွေကို..စကာင်္ပူက..ဓာတ်​ခွဲခန်းမှာ
စစ်​​ဆေးခိုင်းထားတယ်​..."

"ခင်​ဗျား..ဘယ်ကသတင်းရတာလဲ..."

"အဲ့ဒီ..ဓာတ်​ခွဲခန်းမှာ..ကျုပ်​ရဲ့တပည့်ပါရဂူတစ်​​ယောက်​
ရှိတယ်​..ကျုပ်​သူ့ဆီက​နေ..သတင်းရထားတာ.."

ကြားလိုက်​ရတဲ့..သတင်းက..ဂျိမ်းရဲ့ရင်​ဝကို..
ပိတ်​ကန်​လိုက်​သလိုပင်​..သခင်​​လေး..ဦးထွန်းမြတ်​
အ​ပေါ်သံသယဝင်​​နေပြီတဲ့လား...

"အခု..ဘယ်​လိုလုပ်​မလဲ..ဂျိမ်း..ဓာတ်​ခွဲခန်းက.
အ​ဖြေက..သခင်​​လေးဆီ​မကြာခင်​​ရောက်​​တော့မယ်​..
ကျုပ်​ရဲ့​ဆေး​တွေက..အာရုံ​ကြော​တွေရဲ့ပြင်းထန်​တဲ့
တုံ့ပြန်​မူ့​တွေကိုထိန်းချုပ်​​ပေးနိုင်​​ပေမဲ့...မှတ်​ညဏ်​​တွေ
ပြန်​ရဖို့..ဘာအ​ထောက်​အကူမှမပြုနိုင်​မှန်းသခင်​​လေး
သိသွားရင်​...နှစ်​​တွေအကြာကြီး..သူမှတ်​ညဏ်​ပြန်​
မရ​အောင်​...လိမ်​ညာခဲ့တဲ့ကျုပ်​ကို..ဒီအတိုင်း
ထားမှာ..မဟုတ်​ဘူး.."

ဦးထွန်းမြတ်​​ပြောရင်း​ဆောက်​တည်​ရာမရတဲ့
လူတစ်​​ယောက်​လို..ဆံပင်​​တွေထဲ..လက်​ထိုးဖွသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now