part -6

282 15 1
                                    

အမုန်းလေးများ‌ ကျေပါစေ♥️
အပိုင်း-6

&&&&&&&&&&&&&&&&

အလုပ်သွားရမည်ဆိုသောကြောင့်
ညို အစောထကာ ပြင်ဆင်စရာတွေရှိရာ ပြင်ဆင်ရသည်။
ပထမဆုံးနေ့ဖြစ်တဲ့အတွက် နောက်ကျလို့လည်းမကောင်းပေ။

မနက်စာ စားသောက်ပြီးသော် ညိုနှင့် ချို
ဝမ်းဆက် ခရမ်းရောင်လေး ဆင်တူဝတ်ကာ လက်ချင်း ချိတ်၍ ဇွဲ cake ဆိုင်သို့ပင်။

ဆိုင်ထဲ ဝင်သည်နှင့် မျက်စိပဒေသာ ဖြစ်စေသော အပင်လေးများက ဆွဲဆောင်မှု ပိုရှိစေသည်။ ညို သိပ်သဘောကျပါသည်။

ရုံးခန်းထဲမှ ဦးလေးကြီး တစ်ယောက်ထွက်လာကာ
တစ်ယောက်ချင်းစီရဲ့ လုပ်ရမယ့် အပိုင်းကို ပြောပြပေးသည်။

*ပထမ သုံးယောက်က ဧည့်သည်တွေ ဧည့်ခံရမယ်နော်
မကျေပွန်ရင် အလုပ်ထုတ်မယ် ....
ချိုလေးဆိုတဲ့ တစ်ယောက်က ကောင်တာမှာ ငွေစာရင်း ကိုင်ရပါမယ် ....
နောက်ဆုံး ခွာညို ဆိုတဲ့ တစ်ယောက် ကတော့
အဓိက ဆိုင်သန့်ရှင်းရေးကို တာဝန်ယူရပါမယ် ..
သူဌေး ရုံးခန်းကအစ အကုန်လုပ်ရပါမယ်....**

ဘယ်သူမှ အာမခံရဲလောက်အောင်ကို
အာဏာပြင်းသောကြောင့် ခေါင်းလေးတွေ ငုံ့လို့သာ
ပြောသမျှကို လက်ခံနေရသည်။

ညို ဘာဘဲလုပ်ရ လုပ်ရ အဓိက အလုပ်ရဖို့ဘဲမို့
ညိုကျေနပ်ပါသည်။ အောက်ခြေကနေ တစ်ဆင့်ခြင်းတတ်လာလည်း အဆင်ပြေတာဘဲမဟုတ်လား ......

ဟိုဦးလေး ပြောထားသလို ရုံးခန်းကနေ စပြီး သန့်ရှင်းရေး လုပ်ရန်အတွက် ရုံးခန်းတံခါးကို အရဲစွန့်စွာ ခေါက်လိုက်သည်။

မနက်ပိုင်းက ဘဝင် THE WORLD COMPANY မှာဘဲ အနေများတာမို့ ဆိုင်ရဲ့ ရုံးခန်းထဲ ရှိမနေသောကြောင့် စကားပြန်မလာပေ။

လူမရှိဘူးဟု ကောက်ချက် ချလိုက်ကာ
တံခါးလေးတွန်းဖွင့်ပြီး ဝင်လိုက်လေသည်။
မျက်နှာချင်းဆိုင် အိမ်ကြီးရဲ့ အရောင်လိုမျိုး
တစ်ပုံစံထဲပင် သိပ်လှသည့်အရောင် ....

မိုးပြာရောင်ကို ညို အရင်က မကြိုက်ပေမယ့်
အခုတော့ အဲ့သည်အိမ်ကြီးကြောင့် အပြာရောင်လေးတွေကို နှစ်သက်လာပြီဖြစ်သည်။

အမုန်းလေးများ ကျေပါစေ(Completed)Where stories live. Discover now