part 5

85 9 0
                                    

အချစ် (Part 5)
lesbian story👩‍❤️‍💋‍👩

စျေးဝယ်ထွက် မုန့်စားပြီး အပြန်တွင်.....

" သျှင်း…ဒီနေ့ အစ်မနဲ့လျှောက်လိုက်နေရတော့
ပင်ပန်းနေပြီပေါ့…."

"ဒီအစ်မကတော့ သျှင်းရဲ့အဖိုးတန် အချိန်တွေကို ယူသုံးမိလိုက်ပြီ ......"

"မပင်ပန်းပါဘူး အစ်မ…"

"အစ်မနဲ့မသွားလဲ သျှင်းက coffeeဆိုင်မှာ
အချိန်သွားဖြုန်းနေတာလေ......"

"သျှင်း ညဥ့်နက်မှ ပြန်တာလေ
အိပ်ရေးရော ဝရဲ့လား…

"သျှင်း ၂နာရီလောက်ဆို အိမ်ရောက်တယ်
ရောက်တာနဲ့ တန်းအိပ်ပျော်တာပဲ မနက်၈နာရီလောက်ဆို အိပ်ရေးဝပါတယ်...."

"တစ်နေ့တာအိပ်ချိန် 8နာရီမပြည့်ဘူးနော်
သျှင်း ကြာရင် ရောဂါရမယ် ...."

"ညအလုပ်ကရောမဖြစ်မနေလုပ်မှ
ဖြစ်မှာမို့လို့လား သျှင်း"......

***အစ်မဆီက စိုးရိမ်မှုလေသံက သျှင်း ရင်ကိုနွေးထွေးစေတာအမှန်ပဲ... အစ်မမျက်နှာဆီ ငေးကြည့်ရင်း ပြုံးမိလိုက်တယ်****.....

"သျှင်း ဝါသနာပါလို့လုပ်တာပါ ... အစ်မ
အိမ်က တီလေးလဲ အမြဲပြောပါတယ်"

"အင်း ဟုတ်ပြီ "
"သျှင်း ဝါသနာဆိုတော့ အစ်မ အရမ်းကြီး
မတားချင်ဘူး"

"ဒါဖြင့်အလုပ်ဝင်ချိန်နှစ်နာရီလောက် စောဝင်ပြီး  အိမ်ပြန်ချိန် နှစ်နာရီလောက် စောပြန်လိုက်ပါလား......"

"ဟာ အစ်မ အဲ့တာကကျ မဖြစ်နိူင်ဘူးလေ
အလုပ်က".......... သျှင်းစကားမဆုံးလိုက်ပါ

"ဘာလို့မဖြစ်ရမှာလဲ အစ်မက
ဖြစ်အောင်လုပ်ပေးရင် သျှင်းက
လက်ခံမလားပြော....."

"သြော် ဟုတ်သား သျှင်း မေ့နေတာပဲ
အစ်မက အဲ့Bar ပိုင်ရှင်ဆိုတာ...."

"မြတ်သော ပြုံးကာ  ....
ဟုတ်တယ် ပိုးဟပ်လေး
အစ်မပြောတာ လက်ခံနော်".....

"ပိုးဟပ် ဘယ်က ပိုးဟပ်လဲ  အစ်မ"......

"ဟားးးဟားးးဟားးး"
"သျှင်းကို အစ်မ   ကချစ်စရာလေးမို့ ချစ်စနိုးနဲ့ခေါ်တာပါ....."

အချစ်   (Lesbian fic👩‍❤️‍💋‍👩👩‍❤️‍👩Where stories live. Discover now