Part 1 💖

3.4K 131 12
                                    

ချစ်ကြိုးလေးသွယ်
အပိုင်း(၁)
----------
လော့ရန်မြို့ရဲ့သူဌေးကြီး ရှောင်းမှာသားတစ်ယောက်ရှိလေတယ် သူ့သားဟာ တည်ငြိမ်ပြီး အေးစက်တတ်တယ် ပန်းကလေးလိုနူးညံ့ပြီးလှပ
သောအဆင်း သဏ္ဌာန်ရှိတယ် ဒါ့ကြောင့်ပဲဖခင်ကြီးမှာ သားဖြစ်သူမှာမိန်းကလေးရူံးအောင်လှရက်တာကြောင့်အမြဲအိမ်မှာပဲထားတယ် အပြင်သွားရင်အမြဲတမ်းမျက်နှာဖုံးတပ်ခိုင်းတယ် လက်လေးတွေကိုနူးညံ့နေစေဖို့အတွက်ဘာဆိုဘာမှမခိုင်းပါဘူး သူ့နာမည်လေးက ရှောင်း။

ရှောင်းဟာချောမောတဲ့ရုပ်မျက်နှာသွင်ပြင်ရှိသူမို့လို့ အပြင်သွားရင်အမြဲတမ်း
မျက်နှာဖုံးတပ်ဆင်ရတယ် ဖခင်ကြီးလက်အောက်မှလွတ်မြောက်ချင်သူမို့လို့
လော့ရန်မြို့နဲ့မနီးမဝေး ချန်ချင်ရွာလေးကိုပဲ ခိုးထွက်လာခဲ့သည်။

ချန်ချင်ရွာလေးကသာယာလှပြီး အေးချမ်းပါတယ် ရှောင်းကအပြင်လောက
ကအရာတွေကိုတစ်ခါမှမမြင်ဖူးပါ အထူးအဆန်းတွေပဲဖြစ်နေတဲ့ ပတ်ဝန်းကျင်ကလည်း လှပပါပေတယ်။

"ဖယ်ကြ!! ဖယ်ကြ!!"

မြင်းကိုဒုန်းဒိုင်းနဲ့မောင်းလာသူကထိုသို့အော်တော့ ခပ်မြန်မြန်ပဲဖယ်ရှောင်ကြ
သွားပေမဲ့ ရှောင်းအတွက်ကတော့ ကြောင်နေရုံမှတစ်ပါးမရှိပါချေ သူကြောင်
အနေမိတုန်းပဲ လူတစ်ယောက်ရဲ့လက်က အတင့်ရဲစွာဖြင့်သူ့ရဲ့ခါးကိုဖက်ကာဆွဲယူလိုက်တာကြောင့် လွတ်သွားလေတယ်။

"အဆင်ပြေရဲ့လား"

ရှောင်းဟာမျက်လုံးမှိတ်ထားလျက်လေးဖြစ်တာကြောင့် မျက်လုံးဖွင့်မိလိုက်တော့ချောလွန်းလှတဲ့ထိုလူသား မြင်မြင်ချင်းပဲသဘောကျ
မိတယ်လို့ဆိုရမလား ရှောင်းရဲ့နှလုံးခုန်သံတို့ဟာထိုလူသားကြားရမည်
တောင်ကြောက်ရတယ် ရှောင်းဟာမျက်လွှာလေးချလို့ ခေါင်းငြိမ့်ပြလိုက်တော့မှ ထိုလူသားရဲ့လက်တွေကသူ့ခါးပေါ်မှထွက်ခွာသွားလေတယ်။

"သတိထားပြီးသွားပါ "

ထိုသူဟာသူ့ကိုပြုံးပြပြီး ထွက်ခွာသွားတော့တယ် ရှောင်းလည်းထိုသူနောက်ကိုခပ်ဝေးဝေးမှလိုက်ချောင်းတယ် ဟိုနားလေးပုန်းလိုက် ဒီနားလေးပုန်းလိုက်နဲ့ လိုက်ချောင်းရှာသည်
တစ်နေရာရောက်တော့ ထိုလူသားဟာ လက်တစ်စုံကိုကျစ်ကျစ်ပါအောင်လို့
ကိုင်ထားတာကိုတော့တွေ့တယ် ကိုင်ထားခံရတဲ့သူကဘေးဘက်ဆိုင်က စက္ကူမီးပုံးလေး နဲ့ကာထားတာကိုပဲတွေ့ရတာကြောင့် မျက်နှာကိုမမြင်ရပါ။

ချစ်ကြိုးလေးသွယ် ( ချစ်ကြိုးလေးသွယ်)Where stories live. Discover now