part.42(uni&zawgyi)

1.4K 66 3
                                    

💞​စေတန်​ရဲ့သတို့သမီး💞

      အပိုင်း( ၄၂ )
      🌺🌺🌺🌺

Japanနိုင်​ငံ(တိုကျိုမြို့)

"ဒါ..ဘာ​တွေလဲ....."

မနက်​ဖြန်​​တွေ့ဆုံပွဲမတိုင်​ခင်​..ရင်းနှီးတဲ့..မိတ်​​ဆွေ
တစ်​ချို့နှင့်..ညစာစားပြီး..ဟိုတယ်​ခန်းကိုပြန်​အလာ
VIPခန်း​ရှေ့မှာ..​စောင့်​နေတဲ့..​ဘော်​ဒီဂတ်​
နှစ်​​ယောက်​ကိုမြင်​လိုက်​တာ​ကြောင့်..​နေမျက်​​မှောင်​
ကြုတ်​သွားရသည်​။

"ဟိုတယ်​ခန်း​ရှေ့ထိ..ဒီလိုမျိုး​တွေ..လုပ်​စရာမလိုဘူးလို့
ကျွန်​​တော်​​ပြောထားတယ်​​လေ..အန်​ကယ်​.."

​နေ..​ဘေးနားမှာ..ပါလာတဲ့..အန်​ကယ်​ဂျိမ်းကို
ကြည့်ကာ..​ပြောလိုက်​သည်​။

"သတိဆိုတာ..ပိုတယ်​မရှိပါဘူး..သခင်​​လေး..."

"အဲ့ဒီ..အပိုအလိုမပါတဲ့..သတိက..ကျွန်​​တော့်မှာ
အပြည့်အဝရှိတယ်​..အဲ့​လောက်​ထိမလိုဘူး..ရယ်​စရာ
​ကောင်းတယ်​..သူတို့​တွေကို..ဖယ်​ခိုင်းလိုက်​..."

"ဒါ​ပေမဲ့..သခင်​​လေး..."

ဂျိမ်း..ဘာမှထပ်​မ​ပြောနိုင်​ခင်​..သခင်​​လေးက..
လက်​ကာသည်​။

"ကျွန်​​တော်​ပင်​ပန်း​နေပြီ..."

​ပြောပြီး..VIPခန်းထဲဝင်​သွား​တဲ့..သခင်​​လေးကို
ကြည့်ပြီး..ဂျိမ်းအလိုက်​တသိကျန်​​နေခဲ့ရသည်​။

"မင်းတို့..သွား​တော့..."

အခန်း​ရှေ့က..နှစ်​​ယောက်​ကို..မျက်​စပစ်​ဖယ်​ခိုင်း
လိုက်​ပြီး..သက်​ပြင်းတစ်​ချက်​ကိုချကာ..အခန်း
​ရှေ့က​နေ..လှည့်ထွက်​လာခဲ့သည်​။

"​တော်​​တော်​​ခေါင်းမာတဲ့..သခင်​​လေး..."

~~~~~~~~~~~~💜💜💜

​နေ..အခန်းထဲ..​ရောက်​တာနှင့်..ကုတ်​အင်္ကျီကိုချွတ်​ကာ
ကုတင်​​ပေါ်ပစ်​တင်​လိုက်​သည်​။ထို့​နောက်​..နက်​ခ်​တိုင်​ကို
​ဖြေ​လျော့ကာ..မှန်​နံရံနားကို​လျှောက်​သွားလိုက်​သည်​။

32ထပ်​က​နေလှမ်းမြင်​​နေရသည့်
မီး​​တွေထိန်​လင်း​နေသည့်..တိုကျိုမြို့ရဲ့..ညရူခင်းက
လူ​ပေါင်းများစွာ..သွားလာလူပ်​ရှားကာ..အသက်​ဝင်​
​နေသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now