ကလောင်ခနဲ ဝင်လာတဲ့ notiကြောင့် ထယ်ယောင်းphကိုကြည့်လိုက်တော့ ဂျောင်ကုဆီက
" ခနလောက်တွေ့ရအောင်"
တိုတိုပြတ်ပြတ်ပို့လို့လာတဲ့ စာကြောင်းကိုထယ်ယောင်းဂရုမစိုက်စွာ လျစ်လျူရှုလိုက်တယ် မနက်ဖြန်ဆိုပဲသူကစေ့စပ်ရတော့မှာမဟုတ်လားဘာမှမဟုတ်တဲ့ ကိစ္စတွေအတွက် ဝေခွဲရမခက်ချင်တော့ဘူးလေ
" အိမ်ရှေ့ ခနထွက်ခဲ့လို့"
ထပ်ပို့လာတဲ့ စာကြောင့် ထယ်ယောင်းမျက်ဝန်းတွေပြူးကျယ်သွားတယ် ဒီကောင်လေးအိမ်ရှေ့ထိရောက်နေတာလား သိလိုစိတ်နဲ့ ကုတင်ပေါ်ကဆင်းပြီး လိုက်ကာစလေးအသာဖွင့် ကြည့်လိုက်တော့
ကားကိုမှီကာ ph Screen မှာစာရိုက်နေတဲ့ကောင်လေး
" ခင်ဗျားထွက်မလာရင် ကျုပ်ခြံတံခါးကို ကားနဲ့တိုက်ပြီးဝင်လာမှာနော် မလုပ်ရဲဘူးမထင်နဲ့"
ထပ်ရောက်လာတဲ့ စာနဲ့အတူ ကားထဲတန်းဝင်သွားတဲ့ ကောင်လေးကြောင့် ထယ်ယောင်းစာတိုတစ်ကြောင်းအမြန်ပို့လိုက်ရတယ်
" လာပြီ"
အိမ်နေရင်းဝတ်စုံ စပို့ရှပ်အပွလေးကို ပေါင်တဝက်သာသာရှိတဲ့ ဘောင်းဘီအပြာရောင်လေးနဲ့တွဲဝတ်ထားပြီးကားဘေးမတ်တပ်ရပ်နေတဲ့ ထယ်ယောင်းရဲ့ပုံစံကိုခြေဆုံးခေါင်းဆုံး ကားပေါ်ကနေအခန့်သားကြည့်ပြီး ဂျောင်ကုကပြုံးတယ်
" ဟေ့..မင်းဘာပြုံးနေတာလဲ "
" သဘောကျလို့ပါ အဟက်"
" ပြောစရာရှိတာအမြန်ပြော ငါ့မှာအချိန်မရှိဘူး"
" ကားပေါ်အရင်တက်"
" မတက်ဘူး"
ထယ်ယောင်းတဖက်ကို မျက်နှာလွှဲကာပြောလိုက်တယ် ဟုတ်တယ်လေ ဘာကိစ္စတက်ရမှာလဲ
" ခင်ဗျားကို တက်လို့ပြောနေတယ်လေ"
" ငါ.မင်းကိုမတက်ဘူးပြောနေတယ်လေ"
" တက်ဗျာ"
"မတက်ဘူးလို့"
" အဟွန့်! ဧကန်န ခင်ဗျား ကျုပ်ချီခေါ်တာ ခံချင်လို့ ဉာဏ်ဆင်နေတာများလား"
" ဘာ!"
ထယ်ယောင်း အကြည့်စူးစူးနဲ့ကြည့်တော့ သဘောတကျရယ်နေပြန်တယ်
YOU ARE READING
မျဥ်းပြိုင်(Completed)
Fanfictionပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်
